Ep - 1 👀👀

33 3 2
                                    

Unicode

🎼  အဖြူနဲ့အစိမ်းကို ဝတ်ဆင်လို့မနက်စောစော သူနဲ့ချိန်းဆို ကျောင်းကိုအတူကာလစ်လို့ မင်းရဲ့အိမ်စာတေလည်း လုပ်ပေးထားတယ်တစ်ညလုံးငါ ဒါကကျွန်ျတာ့်ရဲ့ရှစ်တန်းကျောင်းသားဘဝတုန်းကအလှဆုံးကဗျာ.......🎼🎼

ရေဒီယိုက လာတဲ့သံစဉ်ကိုနားဆင်ရင်း ပြုံးနေတဲ့မျက်နှာလေးဟာ တချက်ငြိုးလာမိတယ်။
  
"ငါတို့ရဲ့ကျောင်းတုန်းကအချိန်လေးတေကိုအမြဲသတိရနေမိတယ် သူငယ်ချင်းရယ် နင်ဘယ်ကိုရောက်နေလဲဟင် ဟင်း"

သက်ပြင်းကို ဘယ်နှခါချမိမှန်းမသိ ချနေရင်း နှင်းမြတ် နှုတ်ကနေ မေးနေမိတယ်။

သူတို့သူငယ်ချင်းတေမဆုံဖြစ်တာ အခုလောက်ဆို ၆ နှစ်လောက်ရှိပြီ သူတို့တေ အထက်တန်းကျောင်းပြီးထဲကမတွေ့ဖြစ်တော့တာပေါ့။

အတွေးတေထဲမြောနေချိန်
တီ တီ တီ~~~⏰⏰
နာရီ alarm သံပေါ်လာခဲ့တယ်။

"ငါအလုပ်သွားရအုံးမှာပဲ ခုမှသတိရတယ် "

သူလည်း နာရီ ဆီကအသံကိုကြားမှ သူလဲအလုပ်သွားဖို့ကိုသတိရလိုက်တယ်။
အဲ့နောက် လာနေတဲ့ သီချင်းကိုပိတ်ကာ အဝတ်အစားလဲရင်း အလုပ်ဆီသို့......

လွန်ခဲ့သော ၈ နှစ်ခန့်က....

ကလင်ကလင်ကလင်..🔔🔔{ကျောင်းခေါင်းလောင်းထိုးသံ}

ကျောင်းခန်းထဲကို ရေးကြီးသုတ်ပျာနဲ့ဝင်လာတဲ့ ကောင်မလေးတစ်ယောက်

"ဟဲ့ ငါနောက်ကျပြန်ပြီ မလား"

နှင်းလည်းသူ့ရဲ့လွယ်အိတ်ကိုအခန်းထဲအမြန်ချ ရင်း တန်းစိုက်လိုက်ကာ  တန်းစီတဲ့နေရာကနေ သိမ့် ကိုလှမ်းမေးလိုက်တယ်။

‌"အေး နင်အရင်လိုပဲဟေ"

သိမ့်လည်းသူငယ်ချင်းဖြစ်သူရဲ့ အမေးကိုပြန်ဖြေလိုက်တယ်။

"အော် ဒါနဲ့ စိမ်း ကော သိမ့်"

"ရှိပါ့ရှင် ဟိုမှာ အရှေ့ဆုံးမှာလေ ငါကနင့်စောင့်ရင်းနောက်မှာကျန်ခဲ့တာ အာကြောင့်ငါ အနောက်ရောက်နေတာဟေ့"

"ဆောရီးပဲ သိမ့်ရာ ငါအိပ်ရာထနောက်ကျနေတာရယ် ပြီးတော့ စက်ဘီးလမ်းတေပိတ်နေလို့ပါဟ"

Memory👀👀Where stories live. Discover now