ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဝယ် -
"ဟေ့ကောင် ရတု ကွန်းလေယာဉ်ကမဆိုက်သေးဘူးလား"
"ရောက်တော့မှာပါကွာ မင်းကလည်း "
"မင်းအချိန်တော့မမှားပါဘူးနော် "
"မမှားဘူး ဒီအချိန်လို့ငါ့ကိုသေချာပြောထားတာ"
ငယ်ငယ်ထဲကအချစ်ဆုံးသူငယ်ချင်းလေးက
ပြန်လာတော့မယ်ဆိုတော့လည်း ၂ယောက်သားစိတ်ရှည်လက်ရှည်နဲ့လာစောင့်ကြရတော့တာပဲ
ပြောရင်းဆိုရင်းလူအုပ်ကြားမှသူတို့ကိုလက်လှမ်းပြတဲ့ကွန်း"မင်းတို့ရောက်နေကြတာကြာပြီလား"
"ကြာပြီပေါ့ကွာ ဒီကောင်ရတုပေါ့ အေးဆေးမှသွားပါ့မယ်ဆိုတာကိုဇွတ်ဆွဲခေါ်လာတာ"
" နောက်ကျရင်လည်းမင်းပဲလောနေတာမဟုတ်ဘူးလား ဟိန်းမြတ်ရ"
"ကဲပါကွာ ရန်ဖြစ်မနေကြနဲ့တော့ အိမ်အရင်ပြန်ရအောင် ငါနားချင်ပြီ "
"အေး လာသွားကြမယ် "
ပြောပြီး၃ယောက်သားကွန်းအိမ်ကိုလာခဲ့ကြတယ်
ကွန်းအိမ်ရောက်တော့ကွန်းငယ်ငယ်ကအိပ်ခဲ့တဲ့အခန်းထဲပဲ၃ယောက်လုံးဝင်ခဲ့လိုက်တယ် အခန်းကတော့ဖေဖေကအိမ်ကအလုပ်သမားတွေကို
အမြဲသန့်ရှင်းရေးလုပ်ခိုင်းထားတာမလို့အရင်အတိုင်းမပြောင်းမလဲရှိနေဆဲ
ဒီချိန်ဖေဖေကကုမ္ပဏီရောက်နေလောက်ပြီ
ဧည့်ခန်းမှာနေကြရင်လည်းမမြင်ချင်တဲ့လူနဲ့မျက်နှာချင်းဆိုင်နေရအုံးမယ်"ကွန်း မင်းပြန်ရောက်လာပြီဆိုတော့ ဒီမှာ
ဘာဆက်လုပ်မယ်စိတ်ကူးလဲ "ဟိန်းမြတ်ခကပဲစကားစလိုက်တယ်
"အခုလောလောဆယ်တော့အေးဆေးနားအုံးမယ်
ပြီးမှပဲလုပ်ငန်းစတော့မယ်လေ"နားမယ်ဆိုတာကြားတာနဲ့ရှင်းရတုပါစကားဝိုင်းထဲဝင်လာပြီး
"ဒါဆိုမင်းနားနေမဲ့အတူတူစိတ်ပြေလက်ပျောက်ခရီးထွက်ကြမလား မင်းလည်းဟိုမှာကျောင်းနဲ့အိမ် အိမ်နဲ့ကျောင်းပဲဖြစ်နေခဲ့တာမလား ဒီမှာနေလည်းဟိုဘွားတော်နဲ့ငြိနေအုံးမှာ "
YOU ARE READING
ပုဂံမြေကိုတိုင်တည်၍
Romanceဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကို ဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့််မယ်လို့ ကွန်းအသခ်ျေ ပုဂံမြေကိုတိုင်တည်ပြီးသစ္စာဆိုပါတယ်မောင် ပယင်းရဲ့ရင်ထဲမှာမောင်တစ်ယောက်ထဲရှိတာပါ ပယင်းသွေးသစ် By Nway Oo Ka...