"သွေးသစ်ရေ သွေးသစ်"
"ဟေ ဖြေးဖြေးခေါ်ပါ သူခန့်ရာ"
"ဖြေးဖြေးလုပ်မနေနဲ့ ဟိုမှာအလုပ်အသစ်ကိစ္စပြောဖို့ သူဌေးကခေါ်ခိုင်းလို့"
"အေးအေး သွားလိုက်မယ်"
ခုပဲအလုပ်ကိစ္စတစ်ခုပြီးလို့ထမင်းစားခဏနားတုန်းရှိသေးတယ် နောက်တစ်ခုတဲ့ သူဌေးခေါ်တာဆိုတော့ Guideလုပ်ပေးဖို့ Touristအသစ်ထင်တယ်
'ဒေါက် ဒေါက် '
"ဝင်ခဲ့ပါ"
"သူဌေးအလုပ်ကိစ္စခေါ်တယ်ဆိုလို့ပါ"
"အေး သွေးသစ်ရေ နောက်တပတ်ထဲကြငါ့အသိတစ်ယောက်လာမှာမလို့ Guideလုပ်ပေးပါအုံးကွာ ဒီကြားထဲတော့ မင်းလည်းအလုပ်ကိစ္စတွေဆက်နေလို့ပင်ပန်းထားတာပဲ နားလိုက်ပေါ့"
"ဟုတ်ကဲ့ဗျ ဒါဆိုနောက်တစ်ပတ်မှ အလုပ်ပြန်ဆင်းရမှာပေါ့"
"အေးပေါ့ကွာ ငါ့အသိကိုသာသေချာလေးguideလုပ်ပေးလိုက် Bonousလည်းမနည်းစေရပါဘူး"
"ဟုတ်ကဲ့ဗျ ရပါတယ် ဒါကျွန်တော့်အလုပ်ပဲ
ဒါဆိုသွားလိုက်ပါအုံးမယ်"သူဌေးကိုနှုတ်ဆက်ပြီးအလုပ်ဆင်းလိုက်ဖို့ပြန်လာခဲ့တယ် အိမ်မှာအိမ်ကိစ္စတွေကိုဒေါ်လေးကိုကူလုပ်ပေးရအုံးမှာ
ပြန်လာတော့ Hotel receptionနားမှာ သူခန့်ကရပ်စောင့်နေလေရဲ့
"သွေးသစ် ဘာတဲ့လဲ"
"နောက်တပတ်ထဲမှာသူဌေးအသိတစ်ယောက်ကို Guideလုပ်ပေးဖို့ပြောတာပါ"
"ဪ ဒါဆိုဒီကြားထဲနားရက်တော့ရအုံးမှာပေါ့"
"အင်း အဲ့ဧည့်သည်မလာခင်ထိတော့နားရတယ်
တစ်ပတ်လောက်ပေါ့ ""ဒါဆိုငါတို့ဓာတ်ပုံရိုက်ဖို့သွားကြမလား မင်းလည်းအလုပ်တွေနဲ့မရိုက်ရတာကြာပြီဆိုတော့"
"အဲ့ဒါဆို သဘက်ခါလောက်သွားမယ်လေ "
"ဟုတ်ပြီ ဒါဆိုငါအဲ့နေ့မှလာခေါ်တော့မယ် မင်းဆိုင်ကယ်မယူခဲ့နဲ့လေ ငါနဲ့ပဲအတူသွားတာပေါ့"
"အင်း ခုတော့အိမ်ပြန်လိုက်တော့မယ် "
"See you သွေးသစ် "
"See you"
သွေးသစ်လည်းသူခန့်ကိုနှုတ်ဆက်ပြီးအိမ်ပြန်လာခဲ့တော့တယ်
အိမ်ပြန်ရောက်တော့အိမ်မှာဘယ်သူမှမရှိ
ဒေါ်လေးကတော့ဒီချိန်ဆိုဆိုင်သွားတယ် ဒေါ်လေးသမီးအိမြတ်ကတော့ကျူရှင်သွားလေရဲ့ ဒေါ်လေးသားကိုဇော်ခန့်ကတော့ အပြင်သွားတယ်ထင်တယ် အိမ်မှာစီးပွားရေးကိုဒိုင်ခံရှာရတာကတော့ ကျွန်တော်နဲ့ဒေါ်လေးပဲပေါ့သွေးသစ်လည်းရေမိုးချိုးနားပြီးတော့ အိမ်သန့်ရှင်းရေးနဲ့အိမ်အတွက်လိုအပ်တဲ့ဟင်းချက်ပစ္စည်းနဲ့အသုံးအဆောင်ပစ္စည်းစာရင်းရေးနေလိုက်တယ် မနက်ဖြန်အလုပ်ပိတ်တာမလို့ ကိုယ်တိုင်အတွက်ရော အိမ်အတွက်ရော လိုအပ်တာလေးတွေဝယ်ရမယ်
ဒီတခါအလုပ်မှာ Touristကပါ Bonousသပ်သပ်ပေးသွားတာမလို့အပိုဝင်ငွေလေးပိုရနေတယ်
အင်္ကျီကောင်းကောင်းလေးတစ်ထည်ဝယ်ဖို့စိတ်ကူးထားတယ် အလုပ်ကအများနဲ့ဆက်ဆံရတာမလို့ သပ်သပ်ရပ်ရပ်လေးဖြစ်နေတော့
ပိုကောင်းတာပေါ့
ကျွန်တော်ရောသူခန့်ရောက ဒေါ်လေးယောင်္ကျားဦးဇော်မြတ်အကူအညီနဲ့ဖေဖေလုပ်ခဲ့တဲ့Hotelမှာပဲ Tourist Guide လုပ်ဖြစ်ခဲ့ကြတာ ကျွန်တော်ကတော့ဖေဖေလုပ်ခဲ့တဲ့အလုပ်လေးမလို့
မြတ်မြတ်နိုးနိုးနဲ့ဆက်လုပ်ဖြစ်တာ သူခန့်ကတော့ကျွန်တော်လည်းရှိနေတာနဲ့ သူလည်းဘာသာစကားတွေသမိုင်းကြောင်းတွေသိနေတော့ ဝင်လုပ်ဖြစ်သွားတာပြောတယ်
အလုပ်အားတဲ့ရက်ဆိုရင်တော့ ဓာတ်ပုံသွားရိုက်ကြတယ် သူခန့်နဲ့ကငယ်ငယ်ထဲကလည်းကျောင်းနေဖက်တွေဖြစ် စိတ်တူကိုယ်တူဝါသနာတူမလို့ ခုချိန်ထိပုခုံးဖက်ပေါင်းဖြစ်နေကြတော့တာပဲ***********
နွေဦးတို့အကြောင်းအမျိုးမျိုးကြောင့် Ficလေးတင်ဖို့နောက်ကျနေခဲ့တာပါ
ဖတ်ပြီးရင်လည်းလိုအပ်တာလေးတွေရှိရင်ဝေဖန်ထောက်ပြလို့ရပါတယ်

YOU ARE READING
ပုဂံမြေကိုတိုင်တည်၍
Storie d'amoreဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကို ဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့််မယ်လို့ ကွန်းအသခ်ျေ ပုဂံမြေကိုတိုင်တည်ပြီးသစ္စာဆိုပါတယ်မောင် ပယင်းရဲ့ရင်ထဲမှာမောင်တစ်ယောက်ထဲရှိတာပါ ပယင်းသွေးသစ် By Nway Oo Ka...