အပိုင်း - ၁ (Unicode)

382 27 145
                                    

" ဝုန်း...''

အသံနှင့်အတူ သူ ခရီးကြမ်းနှင်လာခဲ့သည်...။

သူ ထိုးခွဲ ဖြတ်သန်းခဲ့တဲ့ လေထုနဲ့ တိမ်ထု အလွှာဟာ ဖရိုဖရဲနဲ့ အလဲအကွဲ...။

အမြင့်တစ်လွှာတက်လိုက်တိုင်းမှာ အေးစက်လာတဲ့ လေထုဟာ သူ့ကို စုပ်ယူ ခဲပစ်လိုက်တော့ မယောင်။

မိုးသီး မိုးစက်များအပြင် လျှပ်စီးကြောင်းများက သူ့ကို လိုရာခရီးသို့ မရောက်အောင် နှောင့်ယှက်နေကြသည်...။

ဒါတွေကို သူ အလေးမမူပါ..။

ကျိန်းစပ်နေတဲ့ မျက်လုံးတွေကို အားယူဖွင့်ထားရင်း ဖြစ်လာသမျှ အန္တရာယ်ကို သူကျော်ဖြတ်ရပေလိမ့်မည်...။

ထိုသူ့ကို သေချာပေါက် ရှာရမယ့် တာဝန်က
သူ့ပခုံးပေါ်မှာ ရှိနေလေပြီမို့...။

မဲမှောင်နေသည့် တိမ်စိုင် တိမ်လွှာများကို အတော်ကြာအောင် ထိုးခွဲ ပျံသန်း၊ လျှပ်စီးကြောင်းများကို ရှောင်ကွင်းပြီးနောက်မှာတော့ တွေ့လိုက်ရသည်က မိုးထိမြင့်မားသည့် ကျောက်ပြားကြီးတစ်ခု...။

ထိုကျောက်ပြား၏ ဘေးပတ်ပတ်လည်တွင် ဝါဂွမ်းတမျှ အိစက် ညက်ညောသည့် တိမ်လွှာများဖြင့် ထိန်လင်းနေအောင် အလှဆင်ထား သည်...။

မဲမှောင်သည့် တိမ်ထုအလွှာများလည်း ဟိုးအောက်ဖက်တွင် ကျန်ခဲ့လေပြီ...။

စီးတော်ယာဉ် မှော်တုတ်တံကို သူရပ်တန့်လိုက်ပြီး ကျောက်ပြားပေါ်တွင် ထွင်းထုထားသည့် ရွှေရောင်ဖောင်းကြွ စာလုံးကို ဖတ်လိုက် သည်...။

" နို့ ''

ဟင်....သူ မျက်လုံးတွေ ပြာဝေသွားသည်...။
ဒါ ဘယ်အရပ်လဲ။

ခဏကြာပြီးနောက်တွင်တော့ သူနားလည်သွားသည်။ မိုးထိ မြင့်မားသည့် ကျောက်ပြား၏ နောက်ဆုံး ဖောင်းကြွစာလုံးကိုသာ သူဖတ်မိခြင်း..။

စီးတော်ယာဉ် မှော်တုတ်တံကို ပြန်လည်မောင်းနှင်လိုက်ပြီး ထိန်လင်းပြီး ဂုဏ်သရေကြွနေသည့် ကျောက်ပြား၏ ထိပ်ဆုံးသို့ တက်လိုက်ကာမှပဲ ကျောက်ပြား၏ ဆိုလိုရင်း အဓိပ်ပါယျကို သူ နားလည်သွားသည်...။

စွန်းဝူခုန်းနှင့် ရုပ်ချောဂိတ်ဆုံးများ (Complete)Donde viven las historias. Descúbrelo ahora