အပိုင်း - ၃ (Unicode)

124 11 96
                                    

တကယ်တော့ ဟီရို ဒီလိုရှည်လျားသည့် ဝတ္ထုမပြောနှင့် ဘာစာဆို ဘာစာမှ မဖတ်ချင်..။ စိတ်လည်း မဝင် စား...။ စာလုံးများမြင်ရင်ပင် ခေါင်းမူး ခေါင်းကိုက် ဖြစ်လာပြီး အန်ပါ အန်ချင်လာသည်အထိ သူ စာလုံးတွေကို မုန်းသည်...။

အခုများတော့ဖြင့် ဘယ်နား သဝေထိုးနေမှန်း
မသိသည့် အယုတ်တမာ ရှီးဖော်ကောင်းမှု အကြောင်းပြုလို့ ရိုးရိုးစာမဟုတ်သည့် ကျောက်စာကို ဖတ်ရဖို့ ဖြစ်လာရလေပြီ...။ ရိုးရိုးစာတောင် ဟုတ်မနေဘူး တဲ့လား...။

ကျစ်ကျစ်ဆုတ်ကိုင်ထားသည့် အခွန်ဖြတ်ပိုင်း စာရွက်သည်လည်း ဟီရို၏ လက်ထဲတွင် ကြေမွနေလေပြီ...။

" ဒါ ဝတ္ထုမဟုတ်ဘူး။ ကဗျာ အလတ်စား..''

ဂုဏ်ယူ ဝင့်ကြွားနေသည့်လေသံကား ဗယာကြော်သည်ဆီက ထွက်လာခြင်းဖြစ်သည်။

ပင့်ချီထားသည့်မျက်နှာထက်တွင် နားလည်ရခက်သည့် အပြုံးတစ်ခုကိုလည်း သူမ ဆင်မြန်းထား သည်။

" မဟုတ်မှလွဲရော...ဒီက...ဒီက...ရေးထားတာ..''

ဟီရို၏အမေးပင် မဆုံးလိုက် ဗယာကြော်သည်
သည် လေထဲသို့ ထိုးတက်သွားပြီး တစ်ပတ်
လှည့်လိုက်ကာ...

" ဟုတ်ပါ့...ဟုတ်ပါ့..ဒို့ပါပဲ ရှင်ရယ်''

ထိုမြင်ကွင်းကြောင့်လား သို့မဟုတ် ကျောက်စာအရှည်ကြီးကြောင့်လား သို့မဟုတ် ထိုနှစ်ခုလုံး
ကြောင့်လား မသဲကွဲစွာနှင့် ဟီရို တစ်ဖက်သို့
လှည့်ကာ တိတ်တိတ်ကလေး ကြိတ်ငိုတော့ သည်....။

" ယီးကို ဖြတ်လမ်းပါလား။ ခရောင်းလမ်းကို
ချပိုက်စီ 3x စားပြီး ဖြတ်နေရသလိုကြီး မဟုတ်လား ဒါက...''

ဟီရို ဘယ်လောက်ပဲ စာလုံးတွေကို မုန်းတီးနေပါ စေ။ ဒဏ္ဍာရီလာ အဆုံးမဲ့ ကြေးဖလားကိုတော့ မလေးမစား မလုပ်ရဲပါ....။

မည်သို့ပင် ဆိုစေကာမူ ဒီကျောက်စာကို သူမုချ အစ အဆုံး ဖတ်ရပေလိမ့်မည်...။

ဟီရို စိတ်ကို ပြင်ဆင်လိုက်ကာ..မှော်တုတ်တံကို
စီးနင်ရင်း ကျောက်စာ၏ ထိပ်ဖျားထိတိုင်
ထိုးတက် ပျံသန်းသွားလိုက်သည်...။

စွန်းဝူခုန်းနှင့် ရုပ်ချောဂိတ်ဆုံးများ (Complete)Où les histoires vivent. Découvrez maintenant