(Warning ⚠️⚠️)
အယ်ရိုရာဘုရင်နှင့် တွေ့ဆုံခဲ့တဲ့ ဖြစ်ရပ်ရဲ့စဦးသည်...
"Jiminပစ္စည်းတွေစုံပြီလား သေချာလေးစစ်နော် "
"စုံပါပြီ သွားကြတာပေါ့"
ကျွန်တော်တို့အဖွဲ့က Frian ဆိုတဲ့
တောအုပ်ထဲဖို့သွားဖို့
ပြင်ဆင်နေကြတာဖြစ်သည်။ အစိုးရက
ထိုနေရာကို မသွားဖို့တားမြစ်ခဲ့တာ
၂နှစ်ကျော်ပြီ ။ တောအုပ်ကို အဆုံးမရှိ
ဝင်္ကပါလို့လည်း ခေါ်ဆိုကြတယ် ။ဘာကြောင့်လည်းဆိုတော့
လွန်ခဲ့တဲ့၂နှစ်က တောအုပ်ထဲထင်းခုတ်သွားတဲ့ လူတစ်ယောက်က ရွှေထုပ်ကြီးတစ်ထုပ်ကောက်ရခဲ့တယ် ။
ဒီသီတင်းက တစ်နိုင်ငံလုံးပျံ့သွားပြီး
လူအတော်များများက တောအုပ်ထဲ
ဝင်ရောက်စူးစမ်းကြတယ် ။ ကံကောင်းတဲ့ လူတစ်စုက ရေတံခွန်ရဲ့
အောက်ခြေမှာရှိတဲ့ ရွှေတွေကို
ရှာတွေ့ခဲ့ကြတယ်လို့ သိရတယ် ။
ရောက်ဖူးတဲ့သူတွေကလည်း တောကအဆုံးမရှိလို့ ပြန်လာခဲ့ရတယ် ။
တစ်ချို့ကြတော့လည်း ရေတံခွန်ရှာမတွေ့ခဲ့ကြဘူး ။နောက်ပိုင်း
လူထောင်ပေါင်းများစွာက
ထိုတောအုပ်ထဲကို ရွှေရှာဖို့သွားကြတယ်
သို့ပေမယ့် လူတစ်ယောက်မှ ပြန်ရောက်လာခြင်းမရှိခဲ့ဘူး ။
လူတွေသေသွားတာလား ၊ သားရိုင်းတွေနဲ့တွေ့လို့အစားခံရ
တာလား၊လမ်းပျောက်သွားကြလို့လား ဆိုပြီး သက်ဆိုင်ရာရဲတွေက လိုက်လံရှာဖွေခဲ့ကြပေမယ့် ရှာဖွေတဲ့ရဲတွေပါ ပျောက်ဆုံး
သွားခဲ့တယ် ။ အစိုးရက တောအုပ်ထဲကို ရဲအုပ်စု တစ်စုပြီးတစ်ခုလွှတ်ပြီး
ရှာဖွေခိုင်းပေမယ့် ရဲတွေအားလုံး
ပြန်ရောက်မလာခဲ့ကြဘူး ။နောက် ဆယ်လလောက်ကစပြီး လူတွေ ပျောက်ခြင်းမလှ ပျောက်ကြတော့တာပဲ ။
အဲ့ဒီအချိန်ကစလို့ အစိုးရ Frianဆိုတဲ့တောအုပ်ကို တားမြစ်နယ်မြေအဖြစ် ပိတ်ထားခဲ့တာ ယခုအချိန်အထိပဲ ။
ဒါကိုလက်မခံနိုင်တဲ့ ကျွန်တော်တို့အုပ်စုက Frianတောအုပ်ထဲ ခိုးဝင်ဖို့
စီစဉ်ခဲ့ကြတယ် ။ဒီညပေါ့ ။
ကျွန်တော်က အောက်ခြေလူတန်းစားကနေ ဆင်းသက်လာသူတစ်ယောက် ။
အမေက မွေးပြီးပြီးချင်းဆုံးပါးသွားပြီး
အရက်သမားအဖေနဲ့ ကြီးပြင်းခဲ့ရတယ်။ အဖေက အရက်မူးလာတိုင်း
ကျွန်တော့်ကို မှောင်မည်းနေတဲ့ အခန်းထဲ ပိတ်ထားတတ်တယ်၊ရိုက်နှက်တယ်၊
ဆဲဆိုတယ် ။ကျွန်တော့်ကို ဆက်ပြီး မထောက်ပံ့နိုင်လို့ အလယ်တန်းနောက်ဆုံးနှစ်မှာ ကျောင်းထွက်ပြီး အလုပ်လုပ်ခဲ့ရတယ် ။
YOU ARE READING
အယ်ရိုရာဘုရင်၏ ကြင်ယာတော်// Short Story
Fanfictionအယ်ရိုရာ(ÉRORA)တိုင်းပြည်ရဲ့ဘုရင်က လူသားတစ်ယောက်ကို တော်ကောက်လိုက်သတဲ့ ။ အေး စက်လွန်းတဲ့ အယ်ရိုရာဘုရင်ရဲ့ အချစ်ဇာတ်လမ်းက အဲ့ဒီကနေ စခဲ့တာပေါ့ ။ Warning ⚠️⚠️ (15+) U+Z