အပိုင်း(၂)Unicode

12.1K 922 191
                                    

"Tae... Taehyung "

"Jimin! မင်းဘယ်တွေရောက်နေတာလဲ မင်းပုံစံကဘာဖြစ်လာတာလဲ"

ပုံမှန်မဟုတ်တဲ့အဝတ်အစားတွေနဲ့
မျက်နှာမှာလည်းဖုန်တွေပေတူးနေ၏ ။

"Taehyung!!"

ဂျီမင်ဝမ်းသာအားရ ပြေးဖက်လိုက်၏။

"မင်းပြဇာတ်,က စားနေတာလား"

"ရူးနေလား"

Taehyungရဲ့ နောက်စေ့အား အသာရိုက်ရင်း ဂျီမင်
ရယ်နေတော့သည် ။

"ငါလွှတ်လာပြီ ။ ငါ ထွက်ပြေးနိုင်ခဲ့ပြီ"

ရယ်မောကာ ဝမ်းသာအားရ ကြုံး ဝါးနေသည့်
ဂျီမင်ရဲ့ပုံစံအား ထယ်ယောင်းအခုထက်ထိနားမလည်သေးပါ ။
မသိရင် ထောင်ထဲက လွတ်လာတဲ့အကျဉ်းသားလိုလို ။
ဝတ်ထားတဲ့အဝတ်တွေကလည်း
နတ်ဘုရားတွေ လိုလို၊ ဖုန်တွေကလည်းပေတူးနေတာ အဝတ်ဖြူတွေတောင် မဲညစ်ညစ်ဖြစ်နေပြီ ။ဆံပင်ကလည်း
ရှုပ်ပွနေပြီး နှုတ်ခမ်းကလည်းဖူးယောင်
နေသေးတယ် ။
Photo modelလုပ်နေတာများလား ။

ထယ်ယောင်းနဲ့ ဂျီမင်ဟာ သူငယ်ချင်းတွေဖြစ်ပြီး တစ်အိမ်ထဲ အတူနေကြသည် ။
အရမ်းလည်းခင်ကြပြီး
ဆိုးတူကောင်းဘက်
ညီအစ်ကိုအရင်းတွေလိုနေခဲ့
ကြတာ ။
သူငယ်ချင်းမို့ ကိုယ်ဖြစ်ပျက်လာရတဲ့
အဖြစ်အပျက်ကို ချက်ကျလက်ချရှင်းပြလိုက်သည် ။

ဂျီမင်၏ ဖြစ်ကြောင်းကုန်စင် ရှင်းပြသည့်
စကားတွေနားထောင်ပြီးနောက်..

"ဝတ္ထုလား"

"ဟမ်"

"မင်းရေးနေတာလား"

"ဘာ!!"

"ဇာတ်လမ်းက မဆိုးပါဘူး
မိုက်တယ် စာအုပ်ထွက်ရင်ပေါက်လောက်တယ်"

ထယ်ယောင်းစကားကြောင့် ဂျီမင်ဆွံအသွားရသည် ။

"ငါတကယ်ပြောနေတာ"

"အေးပါ စာရေးရင်ကိုယ်က ဖြစ်နေသလိုမျိုး moodဝင်ပြီး ရေးရတာလေ ။ ပြီးတော့ အဲ့ထဲက ဘုရင်
သူကို ငါသ‌ဘောကျတယ်"

"ဘာ!!! မင်းက အဲ့လိုလူယုတ်မာကိုဘာကြည့်
ကြိုက်တာလဲ"

မိမိဖြစ်ပျက်ခဲ့သမျှကိုပြန်ပြောသော်လည်း
ထယ်ယောင်းက ဝတ္ထုတစ်ပုဒ်လို ထင်သွားလေသည် ။

အယ်ရိုရာဘုရင်၏ ကြင်ယာတော်// Short StoryWhere stories live. Discover now