အပိုင်း (၃) Final

13.8K 1.1K 109
                                    

ရွှေရောင်ဆံသားတို့နှင့် သူ ။
အသားအရည်က ကြည်လင်နေပြီး
‌အသက်အနည်းငယ်ကြီးပုံတော့ရသည်။
ထိုသူက နှုတ်ခမ်းပါးတို့ ကွေးညွှတ်၍
အလှဆုံး ပြုံးပြလာသည့်အခါ
ဂျီမင် တစ်စုံတစ်ခုအား မှတ်မိသွား၏ ။

သူက ဟိုဘုရင်စုတ်ဖုန်းထဲက
လူမလား ။ အတော်လေးတူပေမယ့်
ယခုမျက်နှာဟာ အနည်းငယ် အသက်ကြီးပုံပေါက်နေ၏ ။
သို့သော်လည်း အတော်လေးလှတဲ့ထဲမှာပါပြီး
မျက်လုံးဝိုင်းဝိုင်းလေးတွေ ရှိနေပြန်၏ ။

"Uncleက မင်းကိုတွေ့ချင်နေတာ"

"ဘယ်သူလဲ မသိဘူး"

"Uncleက JEONရဲ့မွေးအဖေပါ"

ထိုစကားကြားသည့်အခါ ဂျီမင် မျက်ဝန်းတို့ဝိုင်းစက်သွားပြီး ပါးစပ်အဟောင်းသားလေးနှင့် ။
JEONကိုမွေးပေးတာ ငါ့လို ယောင်္ကျားလေးလား ။
သေစမ်းးး မင်းတော့ သူ့အဖေကို
သူ့ရည်းစားဟောင်းထင်နေတာလား။

"Uncleနဲ့စကားပြောကြမလား"

အပြုံးချိုချိုလေးနဲ့ အချိုသာဆုံး
ပြောလာသည့် JEONရဲ့ မွေးအဖေအား
ဂျီမင် ခေါင်းငြိမ့်ပြလိုက်သည် ။
ဂျီမင်လိုပဲ ယောင်္ကျားလေး
ကိုယ်ဝန်ဆောင်ဖြစ်ခဲ့တာလား
ဂျီမင်ကိုယ်တိုင်လည်း သိချင်နေ၏ ။
JEONရဲ့မွေးအဖေက သူ့ကိုပြောစရာတစ်ခုခုများရှိနေလား ။

JEONဆိုတဲ့ ဘုရင်စုတ်ချောတာ
သူ့မွေးအဖေ အမွေအပြည့်ရထားလို့ပဲနေမှာ ။
သူ့အဖေတောင် ဒီလောက်ချောမှတော့
JEONချောတာ အဆန်းမဟုတ် ။
JEONမွေးအဖေရဲ့
နှုတ်ခမ်းတွေ မျက်လုံးတွေက
JEONနဲ့အရမ်းတူတယ် ။အေးလေ
သူ့ကို မွေးထားတဲ့အ‌ဖေပဲ
မတူပဲနေမလား ။

JEON၏မွေးအဖေ ခေါ်သည့်နေရာဆီသို့
နောက်ကနေ အသာလေးလိုက်ခဲ့၏ ။
ကြည့်ရတာ JEONမွေးအဖေရဲ့
ကိုယ်ပိုင်နေရာလေးထင်တယ် ။ ကြည်ပြာရောင်လဲ့နေသော ကန်ရေပြင်
ဘေးရှိ ပန်းခက်ပန်းနွယ်လေးတွေနဲ့
အလှဆင်ထားသည့် အဆောင်ငယ်လေးတစ်ခု ။
ထိုင်ခုံသုံးခုံနှင့် အလယ်တွင် သစ်သားစားပွဲဝိုင်းရှိ၏။ ကျေးငှက်တို့၏
တေးသီကျူးသံတို့နှင့် ပြည့်နှက်နေပြီး
ဘေးပတ်ပတ်လည်ရှိ သစ်ပင်နှင့်တောအုပ်တို့ကလည်း စိမ်းစိုနေ၏ ။ ရေစီးဆင်းရာ အမြင့်မှအနိမ့်ထိ ကျောက်ဆောင်ငယ်လေးလည်းနေတာကြောင့် ရေကျသံလေးလည်း ညံလျက်။
အရင်ဘုရင်ကရော...။

အယ်ရိုရာဘုရင်၏ ကြင်ယာတော်// Short StoryWhere stories live. Discover now