အခန်း (၂) Unicode+Zawgyi

239 33 0
                                    

Unicode

မြေဖြူသံ တဂျောက်ဂျောက်နှင့်အတူ ဘိုင်အိုဆရာမ၏ အစမ်းဖြေမေးခွန်းများက ကျောက်သင်ပုန်းပေါ် တရိပ်‌ရိပ်ပေါ်လာသည်။ ဖတ်စာအုပ်များ သိမ်းယူပြီးပြီမို့ အခုမှတော့ ပြန်နွှေးမရတော့ချေ။

""ကဲ ယောက်ျားလေး မိန်းကလေး အရင်တခါ ထိုင်သလိုမျိုး ခွဲထိုင်ကြမယ် ခိုးချပြီး အမှားတူရင် ပိုနာမယ်နော် ""

ထုံးစံအတိုင်း ခေတ်လင်းသစ်က ထိပ်ဆုံးက ပြီးသည်မို့ ဆရာမထံ စာရွက်သွားထပ်ပြီး အခန်းပြင်ထွက်စောင့်နေလိုက်သည်။
ပြတင်းပေါက်နားထိုင်ဖြေသော သက်ဦးစံကတော့ သည်းကြီးမည်းကြီး ကုန်းဖြေနေဆဲပင်။

""ဒီကောင်တကယ်ပဲ ငါနဲ့ပြိုင်ဖို့ ကြိုးစားနေတယ်ထင်တယ်
ဘယ်လို ဖြစ်မလဲ စောင့်ကြည့်ဦးမယ်""

ကိုယ့်ဖာသာ ရေရွတ်ပြီး သူဖြေတာကို လှမ်းကြည့်နေလိုက်သည်။ ရေးနေတာတော့ အထစ်အငေါ့မရှိ သေချာကျက်လာပုံရသည်။

""ကဲ စာရွက်တွေ အကုန်ထပ်ပြီးပြီလား
ဆရာမက အခု ပြန်ဝေပေးမယ် ပုံနှိပ်နဲ့ သေချာတိုက်စစ်မယ်နော် ကိုယ့်စာရွက် ကိုယ်ပြန်ရနေရင် လာပြော
မှားတဲ့ အလုံးရေကို နာမည်ဘေးမှာ မှင်နီနဲ့ ဝိုင်းပေးလိုက်""

ဟိုကောင်ကပဲ ကံဆိုးတာလားတော့မသိ သက်ဦးစံစာရွက်က သက်လျာ ထံရောက်သွားသည်။ သက်လျာဆိုတာ စာလဲစစ်ရရင် ဘယ်မျက်နှာမှ မထောက်" s "လေး တလုံးကျန်တာက အစ စစ်စစ်ပေါက်ပေါက် လိုက်စစ်သော အခန်းထဲက လူ့ခွစာမော်နီတာ မ ဖြစ်သည်။
ခေတ်လင်းသစ်က ဆင်းလုံးချောမှန်သည့် အုပ်စုထဲ ပါပြီး ငါးလုံးကစမှားသူများ အရိုက်ခံရသည်။

""သက်ဦးစံ ၃၆လုံး
လာခဲ့ စာတော့ရနေပေမယ့် စာလုံးပေါင်းတွေ မှားနေတုန်းပဲ
အမှားတွေက အကြီးကြီးမဟုတ်လို့ လျှော့ပေးလိုက်မယ်
ပုဆိုးကို တင်းနေအောင် ဆွဲထား""

ဖြောင်း ဖြောင်း ဖြောင်း

ဘိုင်အိုဆရာမက လက်သံပြောင်သူမို့ သက်ဦးစံမျက်နှာသည် ရှုံ့မဲ့ သွားတော့သည်။ ထိုင်တာတောင် ချက်ချင်း မထိုင်နိုင်တော့ ဖင်ကို ပွတ်နေသေးသည်။

𝐖𝐡𝐞𝐧 𝐲𝐨𝐮 𝐥𝐨𝐯𝐞 𝐬𝐨𝐦𝐞𝐨𝐧𝐞 (Ongoing)Wo Geschichten leben. Entdecke jetzt