အပိုင်း (၈) Unicode+Zawgyi

189 29 2
                                    

Unicode

ခရီးပန်းလာသည့်အရှိန်ကြောင့် သူတို့နိုးလာတော့ နေ့လည် ၁၁တောင်ထိုးလုပြီ။ ဒါတောင် ခေတ်လင်းသစ်တစ်ယောက် ဟိုလှိမ့်ဒီလှိမ့်လုပ်တုန်း။ သူ့ကိုနှိုးပြီး နှစ်ယောက်သား အိပ်ရာသိမ်းကာ မျက်နှာသစ်ဖို့ ပြင်ရသည်။

""သက်ဦး ငါ့ကို ဆွဲဆိတ်ကြည့်စမ်း""

""မင်းနာမှာပေါ့ ခေတ်ရဲ့ ""

""လုပ်စမ်းပါ ""

သွားတိုက်ဆေးကို သွားတိုက်တံပေါ်တင်ပြီး ခေတ်လင်းသစ်၏ နှာခေါင်းကို လိမ်ဆွဲပေးလိုက်သည်။

""အား နာတယ် နာတယ်လွှတ်အခုလွှတ် ""

""ပြောသားပဲ နာလိမ့်မယ်လို့ ""

"" အိမ်မက်လားလို့လေ ဟီးဟီး
ငါတို့အခု ရည်းစားတွေ ဖြစ်ပြီလား""

""ဖြစ်ပြီလေ ""

""နမ်းလို့ရလား သက်ဦးကို ""

သက်ဦးစံ သွားတိုက်ရင်း ပြုံးမိသည်။ ရည်းစားဖြစ်တာမှ နေ့တစ်ပိုင်းလောက်ရှိသေးတာကို အသားယူချင်နေပြီ သည်မြို့သားက ။

""မရဘူး""

""ဟင်ဘာလို့လဲ ""

""အလုပ်သမားတွေ အများကြီးရှိနေတယ်
မနမ်းရဘူး ""

ခေတ်လင်းသစ် မျက်နှာက ချက်ချင်း အရောင်မှိန်သွားကာ သွားပဲ ပြန်တိုက်နေတော့သည်။
ထမင်းစားတော့လည်း သူ့ပန်းကန်ထဲ ဟင်းတွေ ထည့်ပေးသေးတာ။ သက်ဦး များများစားတဲ့။ မသိရင် အိမ်ရှင်က သူလိုပဲ။

""သက်ဦး ငါလုပ်ပေးမယ်""

""သက်ဦးပန်းကန်ငါဆေးပေးမယ်""

""သက်ဦး ငါ့လက်ကိုကိုင်ထား
မြေပဲလာပို့တဲ့ ကောင်မလေးတွေ မင်းကို ကြည့်နေတယ်""

""သက်ဦး ဒါလေးစားပါဦး အရမ်းကောင်းတယ်""

သက်ဦးချည်း ထပ်အောင်ခေါ်ကာ ခေတ်လင်းသစ် တစ်ယောက် ရည်းစားရတာ မျောက်အုန်းသီးရသလိုပင်။

""ခေတ် လူတွေရှေ့ဆို ထိန်းထိန်းသိမ်းသိမ်း နေရမယ်
ကြားလား ငါတို့က သူများအတွဲတွေလို မဟုတ်ဘူး""

𝐖𝐡𝐞𝐧 𝐲𝐨𝐮 𝐥𝐨𝐯𝐞 𝐬𝐨𝐦𝐞𝐨𝐧𝐞 (Ongoing)Donde viven las historias. Descúbrelo ahora