Unicode
ပြည့်ဖြိုးမောင် မျက်နှာက မကောင်း။ မကောင်းလည်း မတတ်နိုင်ပါ သက်ဦးစံ အစား သူ့ဘေးက မျက်မှန်နှင့် တစ်ယောက်ကို ပြည့်ဖြိုးမောင်နားထားပေးလိုက်သည်။
ကျောင်းတက်ခေါင်းလောင်းမထိုး ခင်တည်းက အတန်းပိုင်ဆရာမကို မျက်မှန်သမားမို့ အရှေ့တန်း ပို့ပေးပါ ပြောပြီး အတန်းပိုင်ချိန်တွင် လဲပေးလိုက်ခြင်းဖြစ်သည်။
ခေတ်လင်းသစ်တို့က ဒါမျိုးဆို ဉာဏ်ပြေးပြီးသား။ သက်ဦးစံ နှင့်လည်း သူငယ်ချင်းဖြစ် သွားပြီမို့ ချီးမှန်နေသည့် ပြည့်ဖြိုးမောင် မျက်နှာကို ကြည့်ကာ အကျေနပ်ကြီး ကျေနပ်နေသည်။""ဖိုးပြည့်ရာ ဆောရီးနော်
အဲ့လို ဖြစ်သွားတယ် ""သက်ဦးစံက အားတုံ့အားနာ ဖြစ်နေပြီး ရှေ့တန်းက ပြည့်ဖြိုးမောင်ကို လက်ကုတ်ကာ လှမ်းတောင်းပန်သည်။
""ရပါတယ်ကွာ စိတ်ထဲ မထားပါဘူး""
ဘာမထားဘူးလဲ ထားနေတဲ့ ရုပ်ကြီး ဟိဟိ ။
စိတ်ထဲကနေ ကြိတ်တွေးကာ ခေတ်လင်းသစ် အူမြူးနေသည်။
ဟိုနှစ်ကောင် ကြာကြာ စကားပြောမရပါ။အတန်းပိုင်ချိန်မို့ စာသေချာ လိုက်ကြည့်ရသည်။""သက်ဦးစံ ဒီမှာ ""
ဇွန်းနှင့် ထမင်းတလုပ်လာခိုးကျွေးနေသည့် ခေတ်လင်းသစ်။
""ဆရာမ မိသွားမယ်လေ ""
""မမိဘူး ""
နှစ်ဦးသား လေသံနှင့် စကားပြောနေစဉ် ဆရာမ လှည့်ကြည့်သဖြင့် စာမေးချင်ယောင် ဆောင်ရသေးသည်။
""ပြန်လှည့်သွားပြီ မြန်မြန်စား
တောသားရဲ့ ""ခွံ့ကျွေးသည့် ထမင်းလုပ်ကို မြန်မြန် မြိုချလိုက်ပြီး ဆရာမကို လှမ်းကြည့်တော့ သတိမထားမိ၍တော်သေးသည်။
ခေတ်လင်းသစ်နှင့် သူ့အပေါင်းအပါတွေကတော့ ဟင်းတွေပါ လဲစားနေကြပြီ။ တကယ့်ကောင်တွေပဲ။ အဲ့လိုတွေ ခိုးစားကြလို့ ဆယ်ခွဲ ဘရိတ်ချိန်ရော ဆယ်နှစ်ဆယ့်ငါး နားချိန်ရော ဒီကောင်တွေ စားစရာကုန်ပြီး အချိန်ပြည့်လျှောက်သွားကြတာ။ ခေတ်လင်းသစ်ဆို ဝတ္ထုလေး တကားကားနှင့် သူ့ပုံစံက မြန်မာဝတ္ထုထဲက တက္ကသိုလ်ကျောင်းသားနှင့် တူသည်။ ပုဆိုးကို အမြဲ သေသပ်နေအောင် ဝတ်ပြီး လည်ကတုံးကို ကြယ်သီးအပြည့်တပ်သည်။ ထိပ်ဆုံးက ရွှေကြယ်သီးလေးက သူနှင့်လိုက်ဖက်သည်။
YOU ARE READING
𝐖𝐡𝐞𝐧 𝐲𝐨𝐮 𝐥𝐨𝐯𝐞 𝐬𝐨𝐦𝐞𝐨𝐧𝐞 (Ongoing)
Romance""ကိုယ့် သက်ဦးဆီ ပြန်လာခွင့်ရှိဦးမလား"" ""ဘယ်အချိန်ဖြစ်ဖြစ် ငါ့ခေတ်အတွက် တံခါးဖွင့်ထားတယ်""