Part-11(u+z)

2.2K 220 0
                                    

Unicode 🌼🤍

ရုံးခန်းထဲတွင် အလုပ်တွေလုပ်ရင်း ဖုန်းကိုလှမ်းကြည့်နေမိတာ ဘယ်နကြိမ်ရှိနေပြီမသိ။ အလုပ်ကိစ္စတွေထက်ပိုအရေးကြီးတဲ့ ဖုန်းကို မျှော်နေမိသည့် ကျွန်မ ။ အစည်းအဝေးလည်း သေချာစိတ်မရောက်မိ ကြာလာတော့ အစည်းဝေးခန်းထဲက လူကြီးမင်းတွေက သတိထားမိလာတဲ့အထိ ဖြစ်လာသည်။ ဘာလို့ အကြောင်းမပြန်သေးတာလဲ ။ အဖြေမထွက်တဲ့ မေးခွန်းများစွာကို ကျွန်မစိတ်ထဲမှာ အကြိမ်ကြိမ်မေးရင်း ယောက်ယက်ခက်နေသည်။ အစည်းဝေးပြီးလို့ အခန်းထဲ ပြန်ရောက်ပြီး သိပ်မကြာ လက်မှတ်ထိုးရမယ့်ဖိုင်တွေတစ်ထပ်ကြီးနဲ့ မသဇင် တံခါးခေါက်၍ ဝင်လာသည်။

" ဒါ လက်မှတ်ထိုးရမယ့် ဖိုင်တွေပါ ညီမလေး '' ဖိုင်တွေကို စားပွဲပေါ်တင်ပေးရင်း ပြောနေတဲ့ မသဇင်ကို ထားခဲ့ဟု ပြန်ဖြေကာ စာရင်းစစ်လက်စ ဖိုင်ကိုသာ ဆက်ပြီးအာရုံစိုက်နေမိသည်။ ထားခဲ့ဟု ပြောထားပေမယ့် မသဇင်ကတော့ လှည့်မပြန်သေးပဲ ရပ်နေသေးသည်မို့

" အခုချက်ခြင်း အရေးကြီးလို့လား မသဇင် '' မသဇင်ကို မေးနေရင်းနဲ့တောင် ဖုန်းကို သတိတရကြည့်လိုက်မိသေးသည့် ကျွန်မပါ

"ဟို.......... အရေးမကြီးပါဘူး ဟို...ဟိုဟာ....'' မေးစရာရှိပုံပေါ်ပေမယ့် စကားထစ်ပြီး ဆက်မမေးလာတဲ့ မသဇင်ကို စိတ်မရှည်ဖြစ်လာရသည်။ စိတ်က ကြည်နေတာမှ မဟုတ်ပဲလေ

"ကဲ မသဇင်ရေ မေးစရာရှိတာလား ဘာပြောခြင်တာလဲ ပွင့်ပွင့်လင်းလင်း မေးလိုက်ပါလား ညီမကို အားမနာပါနဲ့ "

" တကယ်လား စိတ်မဆိုးရဘူးနော် ''

"ကဲ.... မသဇင် စိတ်ကမရှည်ခြင်တော့ဘူးနော် ''

"မေးမယ် မေးမယ် ၊ ညီမလေးကို ကြည့်နေတာ တချိန်လုံး ဖုန်းကိုပဲ အရိပ်တကြည့်ကြည့်နဲ့ ဘယ်သူ့ဖုန်းကို မျှော်နေတာလဲ ဟင် ? ရည်းစားတွေဘာတွေများးး......

" အာ..... မဟုတ်ပါဘူး မသဇင်ရယ် ဘာများလဲလို့ ၊ မသဇင်ကိုမပြောရသေးတာ တစ်ခုရှိတယ် အဲ့ဒါ ညီမ ငြိမ့်ကို အိမ်မှာခေါ်ထားမလို့ ''

"ဘယ်လို အိမ်မှာခေါ်ထားမယ် ''

"ဟုတ်တယ် မသဇင်ရဲ့ အဲ့ဒါ ငြိမ့်ဆီကအကြောင်းပြန်မယ့် ဖုန်းကိုစောင့်နေတာ ''

ချစ်သောကံ့ကော် 🌼🌼🌼 ( Completed) Onde histórias criam vida. Descubra agora