သာမာန်အေးချမ်းတဲ့ ချစ်စရာ
မိသားစုလေးပါတိမ်လွှာဝင့်ထည်နဲ့ တိမ်လွှာဝင့်ခြယ် တို့ အမြွှာ မောင်နှမ နှစ်ယောက်ရဲ့ အကြောင်းကို စပြောရမည်ဆိုလျှင် သူတို့ရဲ့ ဘိုးဘေးဘီဘင် လောက်က စပြောမှ တော်ကာကျမည်
ထိုသို့ပြောဆိုရခြင်းမှာလည်း ဘိုးဘေးဘီဘင်တွေက သမိုင်းတွင်လောက်အောင် ထူးခြားပြောင်မြောက်ခဲ့လို့မဟုတ်ဘဲ သာမာန်ထဲမှာမှ သာမာန်ကျလွန်းတာမို့ ထိုသို့ ဘိုးဘေးဘီဘင် လက်ထက်ကတည်းကဟာတွေပါ ထည့်မပြောရင် သူတို့မိသားစုအတွက် ပြောစရာဆိုလို့ သာာမန်မိသားစု ဟူသည့် စကားစုသာရှိတော့မည်
သူတို့ အဖေမှာ သာမာန် ကုမ္ပဏီ ဝန်ထမ်းဖြစ်ကာ သူတို့အမေမှာတော့ သာမာန် အိမိထောင်ရှင်မကောင်း တစ်ယောက်ဖြစ်သည်အမြွှာထဲမှာမှ အကြီးဖြစ်တဲ့ တိမ်လွှာဝင့်ခြယ်ကတော့ ခေါင်းနည်းနည်းပျက်နေပြီး ထူးဆန်းတဲ့ အကျင့်စရိုက်ရှိတဲ့ သာမာန်မိန်းကလေးတစ်ယောက်ဖြစ်ကာ
မောင်အငယ်ဖြစ်သူ တိမ်လွှာဝင့်ထည်ကတော့ ကလေးရုပ်လေးမှအားမနာ လူကြားထဲတွင် ကိုးလ်ဂိုင်းလ် ဖြစ်ချင်နေတဲ့ သာမာန်ကောင်လေးတစ်ယောက်ဖြစ်သည်ထိုသာမာန်မိသားစုလေးဟာ သာမာန်နေ့ရက်တွေက်ို သာမာန်ဆန်စွာပင် ဖြတ်သန်းနေကြတဲ့ ချစ်စရာ မိသားစုလေးပင် ဖြစ်တော့တယ်
"ဟဲ့ အိမ်ပေါ်က အနုတ်စုတ်ဂုတ်စုပ် နှစ်ကောင် ဆင်းလာခဲ့စမ်း!!!!"
အောက်ထပ်မှ ဖအေ ဖြစ်သူရဲ့ အောင်လှတဲ့ အသံကြောင့် အခန်းထဲမှာ နှပ်နေတဲ့ အမြွှာ နှစ်ကောင်ခမျာ ကမန်းကတန်း ထကာ ပြေးဆင်းရတော့သည်
"လာခဲ့ လာ ဒီနားလာခဲ့ မိဆုံးမ ဖဆုံးမ ပေမယ့် မိမနိုင် လေးတွေ လာပါ ငါ့ရှေ့ကို လာခဲ့စမ်းပါ"
တုတ်ကြီးတကားကားနဲ့ ပြောနေတာမို့ ကြောက်သော်လည်း အရှေ့ကို တွန့်ဆုတ်တွန့်ဆုတ်နဲ့ တိုးလာကြသည်
![](https://img.wattpad.com/cover/309016021-288-k37895.jpg)