Part-1🐯🐹🐰

5.2K 237 16
                                    

တောင်..တောင်..(ကျောင်းတက်ခေါင်းလောင်းထိုးသံ)

ရေးးးးးးးးးး....

မူကြိုကျောင်းထဲမှ ကလေးများရဲ့ ပျော်မြူးစွာအော်သံ...
ဆော့ဂျင်လည်း အပါအဝင်ပေါ့..

Seokjin ကျောင်းအပြင်ထွက်လာတော့ လာကြိုတဲ့သူ မေမေ့ကိုမြင်လေသည်..ထို့နောက် သူ့မေမေဆီအပြေးလေးသွားလိုက်သည်..။
ထိုမြင်ကွင်းလေးမှာ ချွဲဟန်နာ အတွက်မျက်ရည်ပင်ဝဲစေမိတဲ့အထိပင်..သူမသားလေးတောင် မူကြိုတက်နေရပြီ..ချစ်စရာလည်းပိုကောင်းလာသည်..။

ထို့နောက် သူမသားဆော့ဂျင်က
ကျောပိုးလွယ်အိတ်လေးကို သူမကိုပေးလိုက်ပြီး လူကတော့ ဒူးထောက်ကာထိုင်နေတဲ့ သူမရင်ခွင်ထဲသို့ပစ်ဝင်ကာ သူမပါးဖောင်းဖောင်းလေးတွေကို ဆော့ဂျင်ကမွှေးမွှေးပေးလိုက်သည်..။

"အိုက်ဂူးးးးငါ့သားလေးက ချစ်ဖို့ကောင်းလိုက်တာ..ပြေးလာတာ မောနေပြီလား.."

"ဂျင်မမောပါဘူးမေမေရဲ့..ပြီးတော့လေ သားသားချစ်ဖို့ကောင်းတာ မေမေနဲ့တူလို့ ဟုတ်ဘူးလား..ခိခိ"
သူ့စကားသူ ပြန်သဘောကျနေပါသော ဂျင်တုန်းလေး..။
ဂျင်လေးရဲ့ပါးကို သူမတစ်ချက်ဖိကပ်နမ်းလိုက်ပြီး...

"အတတ်လေး.."

ဆော့ဂျင်လေးရဲ့ နဖူးလေးကို သူမလက်ညှိုးလေးနဲ့အသာတွန်းလိုက်ကာ ပြောလိုက်လေသည်..။
ဆော့ဂျင်ကလည်း သဘောကျပြီး တခစ်ခစ်နဲ့ရယ်နေတာပေါ့..။

"သားကိုကို Taehyung ရော"

"ကိုကိုက ဒီနေ့သူ့သူငယ်ချင်းဆီဘာဆိုလား..လုပ်မို့တဲ့ လိုက်သွားပြီ.."

"အော်..အေးပါကွယ် ငါ့သားလေးမှာရော သူငယ်ချင်းတွေမရှိဘူးလား.."

ဆော့ဂျင်​ေမေ့စကားကြောင့် မျက်နှာအနည်းငယ်ညှိုးသွားလေသည်..။
သူ့ကို မယားငယ်သားဆိုပြီး တစ်ခြားကလေးတွေက ဝိုင်းအနိုင်ကျင့်ကြသည်..ထို့ကြောင့် သူငယ်ချင်းဟူ၍တစ်ယောက်မှမရှိချေ...။
အစ်ကို Taehyung ကသူ့ကိုညီတစ်ယောက်လိုသဘောထားသည်..။
အင်းးးအစ်ကိုဆိုပေမဲ့ နှစ်လထဲပဲကွာတာပါလေ..မေမေက အစ်ကိုလို့ခေါ်ရမည်ဟု သွန်သင်ဆုံးမထားသောကြောင့် သူအဲ့လိုခေါ်ခြင်း..။
သူကျောင်းမှာအနိုင်ကျင့်ခံရတဲ့ အကြောင်းကိုတော့ မေမေ့ကိုမသိစေချင်..သူ့ကြောင့်စိတ်မကောင်းမဖြစ်စေချင်ဘူး..ဘွားဘွားကြီးနဲ့ ဖေဖေ့ပထမမိန်းမ နှိပ်စက်နေတာနဲ့ကို မေမေက စိတ်ဆင်းရဲနေရသည်လေ..။
ဘွားဘွားကြီးက အဆင့်အတန်းခွဲခြားတာ​ကြောင့် ဆင်းရဲတဲ့မေမေ့ကို ဖေဖေနဲ့သဘောမတူ​ေပ..။
မေမေ့ကို ချွေးမအဖြစ် လက်မခံသလို တစ်ခါမှ လည်းချွေးမတစ်ယောက်လိုမဆက်ဆံခဲ့..။
သူ့ကိုလည်း ဘာထူးလဲ မြေးအဖြစ် လက်မခံ..။

နွံWhere stories live. Discover now