Part-16💚💙💜

2.3K 197 55
                                    

တီ..တီ..

ဂျွန်အိမ်တော်ရှေ့မှာရှိနေတဲ့ ကားအကောင်းစားကြီးတစ်စီး..။ဆော့ဂျင် အပေါ်ထပ်က အခ​န်းကနေ လှမ်းကြည့်လိုက်သည် ။ထိုကားထဲကနေ ဆင်းလာတဲ့ ဂျီမင့်ကြောင့် သူပါးစပ်အဟောင်းသားဖြစ်သွားရသည် ။

ဂျီမင်က ​​ခြံတံခါးရဲ့ ဘဲလ်ကိုတီးလိုက်သည် ။

ထိုအခါ အစေခံမလေးတစ်ယောက်က သွားဖွင့်ပေးလေသည် ။ထိုအစေခံမလေးကို ဂျီမင်က ဘာတွေပြောနေသည်မသိပါ ။နောက်တော့ သူ့ကိုမြင်သွားဟန်ရှိသည့် မင်က လက်ပြကာပြုံးပြလာသည် ။သူလည်းပြုံးပြလိုက်ပြီး အောက်ထပ်သို့ဆင်းသွားလိုက်သည် ။

ဧည့်ခန်းထဲရောက်တော့ ဂျောင်ကုက သူ့လက်ကို ဆွဲကာ..

"လောလောလောနဲ့ ဘယ်သွားမလို့လဲ!? "

"ဘယ်သွားသွားမင်းကို အစီအရင်ခံရမှာလား? "

"ဟက်!ကိုယ့်ယောကျာ်း..မေးတာကို ကောင်းကောင်းဖြေစမ်းပါ~"

"ငါ့ဧည့်သည်လာလို့ သွားတွေ့မလို့!"

"ဘယ်ဧည့်သည်လဲ?ဘယ်ကလဲ?ဘယ်သူလဲ?ယောကျာ်း..လေးလား?မိန်းကလေးလား?"

မေးခွန်းတွေ တရစပ်ထုတ်နေတဲ့ ဂျောင်ကုဟာ အရင်က ဂျွန်ဂျောင်ကုနှင့် လားလားမျှမဆိုင်ပါ ။ဆော့ဂျင် စိတ်ပျက်စွာကြည့်လိုက်ပြီး..

"ငါ့အချစ်ဦးလာလို့လေ~သွားတွေ့မလို့~"

သူခပ်ပြုံးပြုံးနှင့် ခပ်ရွဲ့ရွဲ့ဖြေလိုက်သည် ။

ဂျောင်ကု မျက်ခုံးတစ်ဖက်ပင့်တက်သွားရသည် ။

"ပျော်နေတယ်ပေါ့.."

"ဒါပေါ့!အရမ်းပဲ~"

ထိုအချိန် အစေခံမလေးရောက်လာပြီး..

"သခင်လေး ပတ်ခ်ဂျီမင်က သခင်လေးဆော့ဂျင်နဲ့တွေ့ချင်လို့ပါတဲ့~"

Sj မျက်နှာထက် အပြုံးကြီးကြီးတို့က ချက်ချင်းဆိုသလို ပေါ်လာသည် ။မုန့်ရသွားတဲ့ကလေးတစ်ယောက်လိုပေါ့..။

ဂျောင်ကု မျက်နှာထက်မှာတော့ မအီမသာနှင့် ။

ဆော့ဂျင်က အပြင်ကိုပြေးထွက်သွားသည် ။
Jk စိတ်ထဲမှာ တစ်ခုခုကိုအလိုမကျဟန်ခံစားလာရသည် ။

နွံWhere stories live. Discover now