Part-27💚💙💜

2.3K 199 46
                                    

ဆော့ဂျင် နေ့လည်စာ ချက်ဖို့အတွက် ဂျောင်ကုကိုယ်တိုင်စီစဥ်ပေးထားတဲ့ မီးဖိုခန်းထဲသို့ ။အစေခံတွေကို မချက်ခိုင်းပါ ။သူကိုယ်တိုင်ချက်ချင်တာကြောင့်လည်းပါမည် ။အဓိကအနေဖြင့် သူ့လက်ရာကိုပဲ ဂျောင်ကုကို စားစေချင်တာဆို ပိုမှန်ပါလိမ့်မည် ။ဂျောင်ကုက နေ့လည်ထမင်းပြန်လာစားမယ်ဆိုသောကြောင့် သူ့အကြိုက်လေးတွေချက်ပေးဖို့ ဆုံးဖြတ်လိုက်သည် ။

အသီးအရွက်တွေကို သေသေချာချာရေဆေးပြီး လှလှပပလေးတွေလှီးဖြတ်ကာ ဟင်းစချက်တော့သည် ။အသားတွေကိုလည်း သေသေချာချာ ချက်ပြုတ်ပြီးတဲ့နောက်မှာတော့ ဟင်းပွဲအားလုံးဟာ အကုန်ပြီးသွားချေပြီ ။

ရေမိုးချိုးဖို့အတွက် အပေါ်ထပ်ကို တက်ဖို့အလုပ် ဖုန်းလာသောကြောင့် သူသွားကိုင်လိုက်သည် ။

"ဟဲလို~ဂျွန်အိမ်တော်ကပါ.."

"ကင်မ်အိမ်တော်ကဆက်တာ..အဘွားဂျွန်ရှိလား?"

တစ်ဖက်ကအသံခပ်သြသြလေးဟာ အစ်ကိုထယ်ယောင်းပင် ။ဆော့ဂျင်ခဏတာ ငြိမ်သက်သွားပြီး..

"ရှိပါတယ်.."

"သွားခေါ်ပေးလို့ရမလား?"

"ဟုတ်ကဲ့!ခဏစောင့်ပါ.."

ထို့နောက် အစေခံတစ်ယောက်ကိုခေါ်ခိုင်းလိုက်သည် ။အဘွားဂျွန်ဆိုသူက သူ့ကိုမဲ့တဲ့တဲ့နဲ့ပြုံးပြပြီး..

"ဟဲလို~"

"$^%%&&"

"လာခဲ့လေ..မြေးထယ်ရဲ့..မဟုတ်တောင်အဘွားကမျှော်နေတာ~"

ရယ်မောပြီးပြောနေတဲ့ အဘွားဂျွန်ဆိုသူက အစ်ကိုထယ်ယောင်းကို အတော်ချစ်ဟန် ။ဆော့ဂျင် ဆက်မနားထောင်တော့ပဲ အပေါ်ထပ်ကိုသာ တက်လာခဲ့လိုက်သည် ။

#######

နေ့လည်ရောက်တော့ သူဂျောင်ကုကို ထွက်စောင့်နေလိုက်သည် ။မကြာပါ မောင့်ကားလေးက ခြံထဲသို့ဝင်လာချေပြီ ။သူ့ရှေ့မှာထိုးရပ်လိုက်တဲ့ မောင့်ကားလေး ။ကားထဲက ထွက်လာခဲ့တာက မောင်နဲ့အစ်ကိုထယ်ယောင်း ။

သူမျက်နှာတစ်ချက်ပျက်သွားတာကိုတော့ မောင်သိပုံမပေါ်လိုက်ပါ ။ဘာလို့ဆို အစ်ကိုထယ်ယောင်းနဲ့ရယ်မောပြီးစကားပြောနေလို့လေ ။

နွံWhere stories live. Discover now