EXTRA🥀

3.5K 212 31
                                    

ငါးနှစ်ခန့်ကြာပြီးသော်...

အစ်ကိုထယ်ယောင်းနဲ့ဂျီမင်တို့လက်ထက်ခဲ့တာဆိုရင်ဖြင့် ငါးနှစ်တောင်ရှိချေပြီ ။ဂျောင်ကုနဲ့ဂျင်တို့ရဲ့သားလေးဟာဆိုရင်လည်း မူကြိုတောင်တက်နေချေပြီ ။အရာရာဟာ အဆက်​ပြေချောမွေ့လို့နေခဲ့ပါသည် ။အဘွားဂျွန်ကတော့ ထောင်ထဲရောက်ပြီးနှစ်လအကြာမှာ စိတ်ရောဂါအကြီးအကျယ်ဖောက်ပြန်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားလေရဲ့ ။

ထယ်ယောင်းအမေနဲ့ဂျင့်အမေတို့ရဲ့ဆက်ဆံရေးဟာလည်းမရင်လိုမဟုတ်တော့ ။သို့ပေမဲ့ ရင်းနှီးသည်ဟုလည်းမဆိုချေ ။ဒါမဲ့ အမုန်းတရားတွေတော့ မရှိတော့ဟု ဆိုရပေလိမ့်မည် ။

At Jeon's house>>>

ဒီနေ့ဟာ သားဂျင်ကုလေးရဲ့ မွေးနေ့ဖြစ်သည် ။မနက်ကတည်းက တစ်အိမ်လုံးကိုလျှောက်ပတ်ပြီးဆော့နေတာ ခုချိန်ထိမနားသေး ။

ခုလည်းစားဖိုဆောင်ထဲမှာ အဒေါ်​ကြီးနားကပ်ပြီးတစ်တွတ်တွတ်နှင့် စကားတွေပြောနေတာ တစ်ကယ်ပါ လူလေးနဲ့မှမလိုက် ။စကားသာများတာ ရူပါကတော့သူ့အဖေနဲ့တစ်ပုံစံတည်း ချွတ်ပြီးစွပ်ထားသလား အောက်မေ့ရတယ် ။သူနဲ့တူတာဆိုလို့ မျက်လုံးလှလှလေးတွေသာရှိသည် ။နှုတ်ခမ်း.. နှာခေါင်း..ပြီးတော့ နှုတ်ခမ်းပါးပါးလေးအောက်က မှည့်သေးသေးလေး အဲ့တာတွေကစ သူ့အဖေနဲ့တစ်ထေရာတည်း ။မွေးတဲ့သူက သူပါ..။ဒါတောင် တူတာသိပ်မရှိ ။စကားများတာလေးကတော့ သူနဲ့တူပါရဲ့ ။

ဆော့ဂျင်လည်း ဂျင်ကုလေးကိုအနောက်ကနေ ပွေ့ချီလိုက်ပြီး..

"အဒေါ်ကြီးကို သွားမရှုပ်နဲ့သား!"

ထိုအခါ ဆူထွက်လာတဲ့ နှုတ်ခမ်းပါးလေး ။တစ်ကယ်ပါ သူ့ယောကျာ်းရုပ်နဲ့တစ်ထေရာတည်းပဲ ။
တစ်ခါတစ်ခါဆို သူ့ယောကျား..ကိုပြန်ထိန်းနေရသလားလို့တောင်တွေးမိသည် ။
​ေဆာ့ဂျင် သားလေးရဲ့ပါးဖောင်းဖောင်းလေးကို နစ်ဝင်သည့်အထိနမ်းလိုက်ပြီး..

"သွား!မင်းဖေဖေကုကို ဖုန်းသွားဆက်ချေ "

"ပါးပါးယောကျာ်းပဲ..ပါးပါးဆက်ပေါ့..သားက ဒီမှာစကားပြော​နေတာလေ! "

နွံWhere stories live. Discover now