Unicode
အချောသတ်ပြီးသောစာဘေးတွင်ဘောပင်ကိုသပ်ရပ်စွာထားပြီးနောက် မျက်စိအစုံဟာစားပွဲစွန်းတွင်ထောင်ထားသည့်သေသပ်စွာဘောင်ခတ်ထားသောဓါတ်ပုံဆီသို့ရောက်ရှိသွားသည်။
ဓာတ်ပုံရိုက်ဝါသနာပါသူပီပီ သူဟာအမြဲကင်မရာတစ်လုံးနဲ့ရှုပ်နေတတ်သည်။ရိုက်ထားသမျှကို
သဘောတကျပြလဲကျွန်တော့်အတွက်တော့ရောက်တက်ရာရာရိုက်ထားသည့်ပုံသာဖြစ်သည်။ဒါကတော့
သူပြောသလိုအမြင်မရှိတာကြောင့်ပဲဖြစ်လိမ့်မည်။'အချစ် စာအုပ်ခနချပါဦး ကိုယ်ရိုက်ထားတဲ့ပုံတွေတစ်ချက်ကြည့်ပေး'
'ငါမအားဘူးကွာ နောက်မှ'
'မရဘူး အခုကြည့် အဲ့စာအုပ်ဒီပေး!'
'မပေးနိုင်ဘူး မင်းလုရဲလုကြည့်နော်! မနက်ဖြန်မင်းကင်မရာတစ်စစီဖြစ်သွားမယ်'
'အချစ်ကမမိုက်ပါဘူးကွာ'
'ဟွန့် မကျေနပ်လဲနေ'
'ခလျပ်!'
'စိတ်ပုတ်သောအချစ်နဲ့ အချစ်ရဲ့စာအုပ်တွေလောက်အလေးပေးမခံရလို့ဝမ်းနည်းနေသောကောင်လေးတို့ရဲ့အမှတ်တရ'
'ပေါက်ပေါက်ရှာရှာ'
တကယ်လဲကျွန်တော်နဲ့ပတ်သက်ရင်ပေါက်ပေါက်ရှာရှာနာမည်တွေပေးကာအမှတ်တရဓါတ်ပုံဆိုပြီးသိမ်းဆည်းထားတာမနည်းလှပါ။
"နောက်ကျနေပြီ ညစာချက်ပေးထားလိုက်ဦးမယ်"
သူအကြိုက်ဆုံးပဲကြာဇံသုပ်နဲ့ဟင်းချို
လုပ်ဖို့ပြင်ဆင်လိုက်သည်။ခါးကိုတင်းကျပ်စွာဖက်ပြီးဂုတ်ပိုးမှခပ်ဖွဖွအထိအတွေ့ကြောင့်ဓါးကိုင်ထားသောလက်မှာ
တုန်ရီသွားရသည်။'ဘယ်လိုဖြစ်တာတုန်း ရောက်ရင်လဲရေသွားချိုးတော့
မင်းလုပ်မှထိခိုက်ကုန်တော့မယ်''ကိုယ်ကအချစ်ကိုအဖော်ပြုပေးဖို့ဟာ'
'ဒါဆိုဟိုဘက်ကအားလူးကိုအခွံသွားခွာပေး'
'ဒီလိုမျိုးပဲအဖော်ပြုပေးချင်တာလေ'
'မင်းကလေသိပ်ပြောရခက်တာပဲ'
YOU ARE READING
Not Anymore :Yoonkook One-shot:
FanfictionI love you but I won't love you anymore...Not Anymore [Yoonkook oneshot]