47. လူသစ်များ

1.3K 372 8
                                    

[Unicode]

 
ချူရိဖုန်းက ကုမ္ပဏီကို သူတို့ထက် နာရီဝက်ကျော်စောပြီး ရောက်နေသည်။

ဟွာယင်း အိမ်ခြံမြေလုပ်ငန်းဟာ တစ်ရက်ပြီးတစ်ရက် ပိုမိုအောင်မြင်လာ၏။ ကုမ္ပဏီမှာ ဖုန်းရှတောင်စီမံကိန်းအပြင် အခြားစီမံကိန်းများကိုလည်း စုံစမ်းရှာဖွေလျက်ရှိသည်။ ကောင်းရုံဖူဟာ အကုန်လုံးကို လက်လှမ်းမီသော လက်ထောက်တစ်ယောက်ဖြစ်သော်လည်း စီမံကိန်းအားလုံးကိုတော့ သူတစ်ယောက်တည်းအားဖြင့် ကိုင်တွယ်ဖို့ရာ မဖြစ်နိုင်ပေ။

ဝမ်ချန်း ထိုစီမံကိန်းများတွင်သိပ်ပြီး ပါဝင်ခြင်းမရှိသည့်တိုင် ချူရိဖုန်းမှာ ဟွာယင်းအိမ်ခြံမြေလုပ်ခန်းတစ်ခုတည်းရှိတာမဟုတ်ကြောင်းကို သိ၏။ သို့သော် သူမမေးခဲ့ပေ။ နောက်ပိုင်းတွင် ကုမ္ပဏီက လူသစ် သုံးယောက်ကို ခန့်လိုက်ပြီး သူတို့ထဲက တစ်ယောက်အား ယခင်ကသူမ ဝမ်ချန်းကို လေ့ကျင့်ပေးခဲ့သလို သင်ပေးရန် လီယွီက တာဝန်ပေးလိုက်သည်။

ဝမ်ချန်းကိုယ်တိုင်မှာလည်း ကုမ္ပဏီကိုရောက်တာ နှစ်လတောင်မပြည့်သေးပေ။ သူ့အား လူသစ်ကို သင်ကြားစေခြင်းဟာ အမှောင်ထဲမှာ စမ်းတဝါးဝါးနှင့် သွားခိုင်းနေသကဲ့သို့ဖြစ်နေ၏။ ကံကောင်းစွာပဲ ရှူစစ်ယွီက လက်ကမ်းကူ ပေးခဲ့ပြီး သူကို အန္တရာယ်ဘေးက ကယ်ထုတ်ပေးခဲ့သည်။

ရှူစစ်ယွီ မှာ ကုမ္ပဏီတွင် သူနှင့် အဆက်အသွယ်ရှိသော တစ်ဦးတည်းသော ဝန်ထမ်းဖြစ်ပြီး သူတာဝန်ယူထားသည့် စီမံကိန်းမှာ အလွန်အရေးပါ၏။ သူ့ကို ဝမ်ချန်းတို့ဌာန၏ ဌာနမှူးဟူ၍ပင်ခေါ်လို့ရသည်။ သူ့နောက်လိုက်ခြင်းဖြင့် အရာများစွာကို လေ့လာသင်ယူနိုင်၏။

သွေးသစ်လောင်းခြင်းဟာ ကုမ္ပဏီကို ပိုမိုအသက်ဝင်စေပြီး အထူးသဖြင့် ရှူစစ်ယွီနောက်ကိုလိုက်သော ဝန်ထမ်းအသစ်ဖြစ်သည်။ ထန်းစီစီကဲ့သို့ပဲ သူလည်း ဒီနှစ်မှဘွဲ့ရသူဖြစ်သည်။ ကွာခြားသည်ကတော့ သူက အားအင်အပြည့်ဖြင့် ဘာလုပ်လုပ်တင့်တယ်နေခြင်းဖြစ်သည်။ ဝမ်ချန်း၏စကားများအရ သူဟာ အလုပ်ကြမ်းပိုးတစ်ယောက်ဖြစ်၏။

The Dominant Boss (Myanmar Translation)Where stories live. Discover now