43. ရည်းစား

1.7K 393 7
                                    

[Unicode]

 
မျက်စိတစ်မှိတ်အတွင်းမှာပင် ဩဂုတ်လသို့ ရောက်နှင့်နေပြီး ရာသီဥတုမှာတော့ ပူနေဆဲဖြစ်သည်။

ညနေ ၆နာရီ အနောက်ဝင်ရိုးမှ နေလုံးကြီး ပျောက်ကွယ်လုချိန် တောက်ပနေသည့် နေဝင်ချိန်အလင်းတန်းများကို အထပ်မြင့်အဆောက်အဦးများက ကာဆီးထားလျက်ရှိသည်။ ဝမ်ချန်းတစ်ယောက် ထိုအဆောက်အဦးများ၏ အရိပ်များကြားမှ ဖြတ်လျှောက်လိုက်၏။ လူကြပ်နေသည့် ဘက်စ်ကားဆီမှ ခြောက်သွေ့ပူနွေးသော လေများကို အေးမြသည့် လေညှင်းလေးများက ဖြတ်တိုက်သွားသည်။ ဒီနေ့မှာ သူ ကားကြုံမရှိသဖြင့် အိမ်ကို တစ်ယောက်တည်းပြန်ရသောနေ့ဖြစ်သည်။

လွန်ခဲ့သောရက်ပိုင်းအတွင်းတွင် သူ၏ အစ်ကိုမှာ ရုတ်တရက်ပဲ အလုပ်တွေပိုများလာ၏။   အလုပ်ချိန်ပြီးသည့်တိုင် အချိန်ပို ထပ်လုပ်နေပြီး အခြားသူများ အချိန်ပိုလုပ်ပြီးပြန်သွားသည့်တိုင် အလုပ်ဆက်လုပ်နေသေး၏။ ထို့ကြောင့် ဝမ်ချန်း အိမ်ကို တစ်ယောက်တည်းပြန်ရုံသာရှိတော့သည်။ တစ်ခါတစ်လေ ကံကောင်းပါက တိုက်ခန်းကို ပြန်ရန်ပြင်နေသည့် ဘော့စ်နှင့်ကြုံတတ်၏။ ဤကဲ့သို့ကြုံကြိုက်ပါက သူ့မှာ မျက်နှာကြောကိုတင်းကာ လမ်းကြုံစီးခွင့်ရဖို့ကို တောင်းဆိုရသည်။ ချူရိဖုန်းမှာလည်း ပုံမှန်အားဖြင့် မငြင်းချေ။

သို့သော် ဒီနေ့မှာတော့ သူကံမကောင်းပေ။ ဘော့စ်ကလည်း အလုပ်ကို မလာသလို သူ့အစ်ကိုဖြစ်သူမှာလည်း အချိန်ပိုဆင်းလျက်ရှိသဖြင့် ဘက်စ်ကားစီး၍သာ ပြန်လိုက်ရသည်။

"ဒီမှာ အမျိုးအသမီး၊ ကျွန်တော့်ကို ထပ်မေးလည်း အလကားပဲ။ ကျွန်တော် ခင်ဗျားကို ဝင်ခွင့်မပေးနိုင်ဘူး။ ခင်ဗျားသွားပါတော့။ ကျွန်တော့်ကို အခက်အခဲဖြစ်အောင်မလုပ်ပါနဲ့ ကျွန်တော် ရဲခေါ်လိုက်မှာနော်။"

ဝမ်ချန်း ဤစကားများကို ကြားဖူးသလိုရှိ၏။ သူဆိတ်ငြိမ်အိမ်ယာ၏ ဂိတ်ကိုကြည့်လိုက်သည့်အခါ လုံခြုံရေးအစောင့်ကိုတွေ့လိုက်သည်။ ဝမ်ချန်းက သူလည်း ယခင်က လုံခြုံရေးဆီမှ ထိုစကားမျိုးကြားဖူးတာဖြစ်မည်ဟု မှတ်လိုက်သည်။ အတားခံရသောသူအားကြည့်လိုက်သောအခါ အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်းသိလိုက်၏။ 

The Dominant Boss (Myanmar Translation)Opowieści tętniące życiem. Odkryj je teraz