Chapter : 37

514 81 11
                                    

Unicode Font

*********************

Chapter – 37

37 – Midnight Heart to Heart

အိုခေ.. ငါ နင်တောင်းပန်တာကို လက်ခံပေးတယ်။ ငါ နင့်ကို ခွင့်လွှတ်တယ်။

ယခင်ကဆို ဖန်ချန်က အိမ်မှုကိစ္စများ လုပ်လေ့မရှိ။ သူ အထက်တန်း မတက်ခင်အချိန်အထိ သက်တောင့်သက်သာ ဘဝမျိုးနှင့်သာ နေခဲ့ရသည်။ သူ့ရဲ့ အတွင်းခံတွေကိုတောင် ကျင်းအိုက်ဟွာ လျှော်ပေးဖို့ ချန်ထားသည်အထိပင်။ သို့ပေမဲ့ သူ့မိဘများရဲ့ အလုပ်ချိန်ဇယား ပြောင်းလဲမှုကြောင့် သူတို့ရဲ့ ပုံမှန် တည်ငြိမ် နေသားကျနေသည့် ဘဝနေထိုင်မှုပုံစံက ပျက်ယွင်းသွားခဲ့သည်။ မနက်ပိုင်း ဘတ်စ်ကား အချိန်မီစေရန် ကျင်းအိုက်ဟွာက မနက် ဝေလီဝေလင်းမှာ အိပ်ရာထရသည်၊ အိမ်ကို အလွန်နောက်ကျမှ ပြန်ရောက်၏။ သူက ဖန်ချန်ကို့ လုပ်ဖို့ စေခိုင်းခြင်း မရှိပေမဲ့ ဖန်ချန်က အိမ်မှာထိုင်ကာ မိဘတို့ရဲ့ တနေ့တာ အလုပ်ချိန်ကုန်ဆုံး၍ အိမ်ပြန်လာချိန်တွင် အိမ်မှုကိစ္စများ လုပ်ရန် ရှိနေသေးသည်ကို မြင်နေရခြင်းအား မကြည့်ရက်တော့ပေ။

ထို့ကြောင့် ဖန်ချန် အိမ်ပြန်ရောက်ချိန်တွင် တံမြက်လှည်းပြီး ကြမ်းတိုက်၊ ဆေးကြောပြီး ထမင်းချက်၊ အချို့အဝတ်များ လက်နှင့်လျှော်တာတွေ လုပ်ပေးရသည်။ သူက ဒီ့အတွက် မျက်နှာရအောင် လုပ်နေတာမျိုး မဟုတ်ပေမဲ့၊ ကျင်းအိုက်ဟွာက ကွယ်ရာမှာ ဖန်ဆွေ့ရှန်အား တီးတိုးပြောမိသည်မှာ .. ချန်ချန်လေးက ရင်ကျက်လာပြီး၊ ကိစ္စတော်တော်များများကိုလည်း သိနားလည်တတ်လာပြီဟု ပြောမိကြသည်။

ဖန်ချန်က လက်ဆေးကန်တွင် ရပ်ကာ ကုမင်ရှီရဲ့ အဝတ်များကို ကူလျှော်ပေးနေသည်။ အကုန်လုံးက အတွင်းခံတွေချည်းသာ၊ သို့ပေမဲ့ ဘာမှ ထူးထူးခြားခြား မတွေးမိ။ ထိုစဥ် .. ဖန်ဆွေ့ရှန်က ရေချိုးခန်းနားမှ ကုတ်အင်္ကျီတစ်ထည် ဝတ်ရင်း ဖြတ်သွား၏။ သားအဖတို့ အကြည့်ချင်း ဆုံမိကြသည်။ ဖန်ဆွေ့ရှန်က လက်ကိုင်ဖုန်းကို မြှောက်ပြကာ လေသံတိုးတိုးဖြင့်..

"အဖေ အပြင်ထွက်ပြီး ဆေးလိပ်သောက်ဦးမယ်၊ မင်ရှီ့အဖေကိုလည်း ဖုန်းဆက်မလို့။"

ကျမရဲ့ ငှက်ကုလားအုတ်လေး (Completed)Where stories live. Discover now