Chapter – 92
92 | Teacher Xiao Gu
ကုမင်ရှီမှာ ဘာမှ မရှိတော့ဘူး။ သူက ငမွဲတစ်ယောက် ဖြစ်နေပြီ။
ဆရာရှောင်ကု တစ်ယောက် မနက်တုန်းက သူတစ်ယောက်ပဲ ထွက်သွားပြီး ပြန်လာတော့ အမျိုးသမီးလှလှလေး တစ်ယောက်နဲ့အတူ ပြန်လာသည်တဲ့။
မူလတန်းကျောင်းလေးမှ လူငယ် ဆရာ၊ ဆရာမများ အကုန် တအံ့တသြ။ သူတို့က ဒီည ပါတီအတွက် ချက်ပြုတ်ကြဖို့ ပစ္စည်းလေးတွေ ဝယ်ဖို့ ထွက်လာကြတာ၊ သို့ပေမဲ့ ကုမင်ရှီနှင့် ဖန်ချန့်ကို မြင်လိုက်ရတော့ သူတို့ စိတ်ဝင်တစားနှင့် ထိုနှစ်ယောက်အား လှမ်းနှုတ်ဆက်ကြတော့သည်။
ဖန်ချန် က ကုမင်ရှီကို ဦးထုပ် ကူချွတ်ပေးလိုက်ပြီး၊ ဆရာများအား ဖော်ရွေသောအပြုံးလေး ပြုံးပြလိုက်၏။ ကျီရှို့အာ က သို့သို့ လက်ကို ကိုင်ထားရင်း ဘေးနား ရပ်နေလေသည်။ သူတို့ နှစ်ယောက်လုံး ဖန်ချန့်အား ဖော်ပြရခက်သော အမူအရာဖြင့် ကြည့်နေကြ၏။
ဆရာချန်းက ပြုံးရယ်ကာ ကုမင်ရှီကို မေးလာသည်။
"ဆရာကု .. မိတ်ဆက်ပေးပါဦး၊ ဒါက ဘယ်သူများလဲ"
ဖန်ချန့်မျက်ဝန်းတို့က ကုမင်ရှီဘက်သို့ လှည့်၍ စေ့စေ့ကြည့်လာ၏။
"ဒါက ကျတော့်ရဲ့ ငယ်သူငယ်ချင်းပါ၊ မစ္စဖန်"
–ဖန် တဲ့လား..
ဆရာ၊ဆရာမတို့မှာ ရုတ်ချည်း တရွရွဖြစ်လာကြပြီး..
"ဆရာကု .. ဒါက ဆရာ့ရဲ့ မစ္စဂဏန်းလေး မဟုတ်လား"
ကုမင်ရှီ ပေါ့ပေါ့ပါးပါး ပြုံးရယ်ရင်း ခေါင်းညိတ်ပြလာသည်။
"ဟုတ်တယ်၊ သူပါပဲ"
"အိုး ... ဆရာကု၊ congratulations "
ဆရာအချို့က လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ဆရာဝမ်နှင့် ဆရာဆုန်း တို့က ကျီရှို့အာ ဘက်သို့ စာနာသလို တစ်ချက် ကြည့်လာ၏။
ကုမင်ရှီက ဖန်ချန့်အား ဆရာချန်း၊ ဝမ်၊ ဆုန်း၊ ကျီရှို့အာ၊ သို့သို့ တို့နှင့် မိတ်ဆက်ပေးသည်။ ကျီရှို့အာ အပြုံးက အားတင်းပြုံးနေရပုံ ပေါ်သည်။ "ဟယ်လို" တစ်ခွန်း ပြောပြီးသည်နှင့် အကြည့်လွှဲသွားတော့၏။
BẠN ĐANG ĐỌC
ကျမရဲ့ ငှက်ကုလားအုတ်လေး (Completed)
Lãng mạnကုမင်ရှီ နှင့် ဖန်ချန် တို့က အိမ်နီးချင်း၊ တတန်းတည်းသား၊ စားပွဲတူထိုင် သူငယ်ချင်းများ ဖြစ်ကြသည်။ တစ်နှစ်ပြီးတစ်နှစ် အတန်းထဲမှာ ထိုင်ခုံနေရာ ပြောင်းလဲပေးတတ်ပေမဲ့ သူတို့နှစ်ယောက်ကတော့ စားပွဲအတူတူပဲ ထိုင်ရတုန်း။ သူတို့နှစ်ယောက်က မိဘတွေ မတူကြပေမဲ့ မောင်...