Chapter : 102 | Will of the Heavens

781 91 6
                                    

Chapter – 102

102 | Will of the Heavens

ကျောင်းတက်နေတဲ့ ၃ နှစ်အတွင်း ကလေးမွေးနိုင်‌အောင် လုပ်ပါ။

ဖန်ချန်နှင့် ကုမင်ရှီတို့ နောက်ဆုံးအဖြစ် ‌ဆရာဝန်သွားပြပြီးသည့်အခါ သူ့ကို အိမ်ပြန်ပို့ပြီး သို့သို့၊ သို့သို့မိခင် တို့နှင့်အတူ ညစာ စားကြသည်။ ထို့နောက် ဖန်ချန် လေဆိပ်ဆင်းရန် ပြင်ရတော့၏။

ကုမင်ရှီမှာ အတော်လေး သက်သာသွားပြီ။ သူက အပြင်ဘက်သို့ ဖန်ချန့်တက္ကစီငှားသည့်အချိန်ထိ လိုက်ပို့ရန် ထွက်လာပြီး နှစ်ယောက်အတူ လမ်းလျှောက်ဖြစ်ကြသည်။

ဟိုင်နန် ၏ ဖေဖော်ဝါရီလမှာ နေလို့ကောင်းသည်။ ကောင်းကင်တွင် မှောင်နေပြီး၊ ထွက်ပြူကာစ လရောင်က ချစ်သူစုံတွဲကို ရှက်ကိုးရှက်ကန်း ငုံ့ကြည့်နေသယောင်။

လမ်းဖြတ်နေရာတွင် ရပ်ကာ တက္ကစီ စောင့်နေခိုက် ဖန်ချန်နှင့် ကုမင်ရှီတို့ တွတ်တီးတွတ်တာ စကားများ ပြောဖြစ်ကြသည်။ နောက်တော့ ဖန်ချန်က ဆေးသေသေချာချာသောက်ရန်၊ ရေများများသောက်ရန်၊ အနားယူရန် မှာနေ၏။ ဖန်ချန်က ရုတ်တရက် ..

"ဪ ဟုတ်သားပဲ၊ ငါတို့ အစောပိုင်းတုန်းက ပြောဖြစ်တဲ့ ကိစ္စ၊ နင် ဘယ်လို ဆုံးဖြတ်လိုက်လဲ"

ကုမင်ရှီလည်း ဖန်ခန် ဘာကို ပြောချင်မှန်း သိလိုက်သည်။ သူ မေးနေသည်က မင်ရှီ ကျောင်းပြန်တက်မည်၊ မတက်မည် ဆိုသည့်အကြောင်း။ သူတို့ ထိုအကြောင်း ရက်အတော်ကြာ မပြောဖြစ်ကြ၊ ဖန်ချန်က ကုမင်ရှီ စဥ်းစားဖို့အချိန်ပေးထားတာကြောင့် ဖြစ်သည်။ ကုမင်ရှီ ခေါင်းငုံ့ကာ ဖန်ချန့်အား ကြည့်မိ၏။ သူက ..

"ဖန့်ဖန့် .. နင်ရော သေသေချာချာ စဥ်းစားကြည့်ပြီးပြီလား။ အခုအချိန်မှာ အလုပ်ကောင်းလည်း ရထားတယ်၊ ငွေလည်း ရှာနိုင်နေတာပဲ။ နင် ကျောင်းတက်ဖို့အတွက်နဲ့ အလုပ်ထွက်လိုက်မယ်ဆိုရင်၊ ၃နှစ်၊ ၄ နှစ်လောက်တော့ အချိန်ယူရမှာပဲ. အဲ့ဒါ ထိုက်တန်တယ်လို့ ထင်လား"

"အဲ့ဒါ ထိုက်တန်တယ်လို့ ထင်လား.. ဟုတ်လား" ဖန်ချန်က မျက်လုံးကို ပြူးနေအောင် ဖွင့်၍ သူ့ကို ကြည့်နေသည်။ နောက်တော့ သူက ပြန်မေးလာ၏။ "ကုမင်ရှီ .. နင်ကရော ထိုက်တန်တယ် မထင်ဘူးလား"

ကျမရဲ့ ငှက်ကုလားအုတ်လေး (Completed)Where stories live. Discover now