🍀 ချစ်စကားဆိုတော့ချစ်သောငိုသည်

63 13 17
                                    

ချစ်စကားဆိုတော့ချစ်သောငိုသည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ချစ်စကားဆိုတော့ချစ်သောငိုသည်

Author -TaeHninphyo866

စွဲလမ်းမှု မမည်သောစွဲလမ်းခြင်းများလား အဘယ်တုန်းက စခဲ့သလဲ မသိတော့ ပေမယ့် ထိုလူသည်ကျွန်တော့်နှလုံးသား
ထဲတော့ ဝင်ရောက်ခဲ့လေပြီ မနက်ဖြန် လား သို့မဟုတ်
ရေတွက်မရတဲ့နေ့တွေများလာမလား တိတ်တဆိတ် နေခဲ့တဲ့
ရက်တွေကုန်ဆုံးပြီးရင်တော့ သိပ်ချစ်တဲ့အကြောင်းတွေကို
နူးညံ့တဲ့ မင်းရဲ့ပခုံးထက်မှီရင်း လှပစွာ ပုံဖော်ထားတဲ့အနုပညာ
တစ်ရပ်ဖြစ်တဲ့ မင်းလက်ကလေးကို ခေတ္တမျှကိုင်ထားရင်း
ရင်ထဲက စကားသံတွေကို မင်းရင်ခွင်ထဲ ဝင်ပြီးပြောချင်ပါရဲ့

ဓာတ်ပုံ များကိုစီစစ်ရင်း အိပ်ရေးပျက်တဲ့ညတွေကို ကော်ဖီသောက်ရင် း ဖြတ်သန်းခဲ့သည်က ခပ်များများရယ်
ခရီးသွားရခြင်းကိုနှစ်သက်သလို photographerတစ်ဦးဆိုလည်းမမှား ကျွန်တော်ဝါသနာပါတဲ့အရာကကျွန်တော့်ရဲ့ချစ်ရသူနဲ့တွေ့စေခဲ့တဲ့သံယောဇဉ် ကြိုးလှလှလေးဖြစ်ခဲ့သည် ကိုတွေးမိတော့
ပုန်းကွယ်နေတဲ့ ပါးချိုင့်လေး ကထွက်ပေါ်လာပြန်သည်

ကျွန်တော်ချစ်ရတဲ့ကိုကို က သိပ်အေးချမ်းသည် စတွေ့တုန်းကထက် အခုပိုပြီး အေးအေးဆေးဆေးဘဲ နေတတ်ကြောင်း နေ့စဉ် သွားချောင်းကြည့်ရင်း သိခဲ့ရသည်
သိပ်လှတဲ့ ရေစက်လှလှလေးတွေစတင်ခဲ့တဲ့ မိုးရာသီရဲ့ လှပတဲ့နေ့တစ်နေ့ကို  မိုးရေစက်များက ထောက်ပံ့ပေးနေခဲ့ပြန်သည် ဧပြီလ အဆုံး၌ သင်္ကြန်လကိုနှုတ်ဆက်သောမိုးသည် ရုတ်တရက် ဆိုသလို
ရွာချလာပြန်သည်

မနက်ကတည်းက ကင်မရာတစ်လုံးနှင့်အလုပ်ရှုပ်နေကာ
ထီးယူခဲ့ဖို့ပင်သတိကမရ သဖြင့် ယခုတော့ မိုးခိုနားစရာ ကော်ဖီဆိုင် လေးသို့ဝင်ရတော့သည်

ᗷirthday ᑭresent for Nann Lae (One Shot)Where stories live. Discover now