<Unicode>
ကောင်းဆက်ပိုင်သည် မနေ့တုန်းက ကိုထူး၏ အဓမ္မကျင့်မူကို မတရားခံရသပြီးနောက် စိတ်ထဲအအနည်းငယ်နာကြည်းနေသည်။စိတ်ထဲမှာပင် နာကြည်းမှုကို လျို့ဝှက်သော်လည်း မျက်နှာမှာကပေါ်လွင်နေသည်။
အမေဖြစ်သူက ကောင်းဆက်ပိုင်ကို ဆေးရုံနဲ့ကျောင်း ဗျာများနေလို့ စိတ်ညစ်နေရတာလား စိတ်မကောင်းဖြစ်နေမိသည်။မိမိမှာ ဒီရောဂါဝေဒ
နာမရှိရင် သားနဲ့သမီးက ဒီလိုပင်ပန်းမှုတွေရှိနေမှာ မဟုတ်ဘူးဆိုပြီးဒေါ်မြမေသည် ကိုယ့်ကိုအပြစ်တင်နေမိသည်။ရပ်ကွက်ထဲကလူတွေက ဆေးရုံလာပြီး အားပေးစကားလာပေးလိုက် ဘေးကလူနာအချင်းချင်း အပြန်အလှန်အားပေးလိုက်မိုးစက်ပိုင်၏ သူငယ်ချင်းများ အားပေးစကား ယူလိုက်နဲ့ ဒေါ်မြမေအားယူနေရသည်။မိုးစက်သည်လည်း မနေ့ကကောင်းဆက်ပိုင် မူမမှန်တာ သတိထားမိ သည်။သို့ပေမဲ့ မိခင်၏ ကျန်းမာရေးကသာ အရေးကြီးဆုံးမှန်းသ်ိတော့
ကောင်းဆက်ပိုင်ကို မမေးမြန်းခဲ့မိပေ။တစ်ရက်ကြတော့ မိခင်လည်း အိပ်ပျော်တော့
မိုးစက်ပိုင်သည် ကောင်းဆက်ပိုင်ကို မေးမြန်းဖို့ အခန်းပြင်ခေါ်ထုတ်လာခဲ့သည်။မိုးစက်ပိုင်သည် မေးမြန်းဖို့ကို စကားပုလ္လင်ခံတော့သည်။"အမေကျန်းမာရေးပြန်ကောင်းရင်
အပျော်ဆုံးချိန်ဆိုတာအဲအချိန်ဖြစ်မှာ""ဟုတ်တယ်မမ...
မမအိမ်ပေါင်ထားတာ အမေသိလား""ဒါတော့မသိသေးပါဘူး ဒီကိစ္စအတွက်မပူပါနဲ့
အိမ်မရှိလည်း အိမ်ငှားနေမှာပေါ့"မိုးစက်ပိုင်သည် ပေါ့ပေါ့လျော့ပြောလိုက်ပေမဲ့ စိတ်ထဲမှာ ကိုယ်ပိုင်အိမ်မရှိရင် ဒုက္ခရောက်မှာသိထားသည်။စုဆောင်းတာတွေနဲ့ မိခင်ရောဂါကို
ကုသပေမဲ့ ကင်ဆာဆိုသည့်ရောဂါက ငွေကြေးမြှောက်များစွာ ကုန်ကျတော့ အိမ်ကိုပေါင်ထားပြီး မိခင်ကိုကုသပေးနေသည်။ဒေါ်မြမေသာသိခဲ့ရင် သားသမီးနောင်ရေးအတွက် ကုသခဲ့မည်မဟုတ်ပေ။ကောင်း
ဆက်ပိုင်သည် အစ်မဖြစ်သူ၏ဖြေကြားချက်ကို အားငယ်သွားပေမဲ့ အစ်မဖြစ်သူအားရှိလာအောင် စကားဆိုတော့သည်။
CZYTASZ
ထိုကြောင့် မုသား ဆိုခဲ့သည် (Completed)