Part - 3

463 20 0
                                    

<Unicode>

"ကောင်းဆက်ပိုင် နင့်ကိုအခုတလော
ကိုထူးကလိုက်ပေါင်းနေတာဆို"

အစ်မဖြစ်သူမိုးစက်ပိုင်က ပေါင်းထိုးရင်း ကောင်းဆက်ပိုင်ကိုမေးမြန်းခဲ့သည်။ကောင်းဆက်ပိုင် သည် ပေါင်းထိုးတာ ခဏရပ်ပြီး အစ်မမေးမြန်း
မှုကို ချက်ခြင်းဖြေကြားခဲ့သည်။

"ဟုတ်တယ်မမ"

"ကြည့်ကြပ်ပေါင်းနော်
အဲကောင်က ပွေရှုပ်ကောင်"

"ဟုတ်မမ"

ကောင်းဆက်ပိုင်သည် အစ်မက ကိုထူးလာပေါင်းတာ ဘယ်လို့သိတာလည်း စဉ်းစားတွေးတော့သည်။မသီတာရဲ့ပြောပြချက်လား ဒါမှမဟုတ် ကားပေါ်ကလူတစ်ယောက်ယောက်ပြောပြချက်လား တွေးတောရင်းပေါင်းထိုးတော့ သည်။ပေါင်းထိုးနေရင်းတစ်ခါ ကိုထူးနဲ့လျှောက်လည်ခဲ့တာတွေ နေ့တိုင်းဖယ်ရီကားပေါ် ကိုထူး၏လူမသိ အသားယူထိတွေ့မှု စိတ်ထဲပေါ်လာကာ တစ်ယောက်ထည်းပြုံးနေတော့သည်။ပြုံးနေတဲ့ ကောင်းဆက်ပိုင်ကို အစ်မကပေါင်းထိုးရင်းလှမ်းမြင်ကာ ငေါက်တော့ သည်။

"ကောင်းဆက်ပိုင်
အခုတလောဘာတွေဖြစ်နေလည်း
တစ်ယောက်ထည်းပြုံးစိစ်ိနဲ့"

ကောင်းဆက်ပိုင်သည် အစ်မ၏မေးမြန်းချက်ကို တုန့်ပြန်ဖို့အတွက် အစ်မကို ပြုံးပြပြီး ဖြေကြားတော့သည်။

"မမကလည်း ဒီလိုပါဘဲ ရီစရာအတွေးတွေပေါ်လာလို့ပါ"

"နင့်ရည်းစားရတာမဟုတ်ပါဘူးနော်
ငါတို့ကိုမလိမ်နဲ့"

"မရပါဘူး"

"ဒါနဲ့နင့်အဝတ်ပုံးထဲမှာ
အင်္ကျီအသစ်တစ်ထည်ရှိနေတာ
ဘယ်ကရလည်း"

ကောင်းဆက်ပိုင်သည် ဒုတိယနှစ်ကျောင်းသားရောက်သည့်ထိ အမေနဲ့ အစ်မကဝယ်ပေးသည့် အင်္ကျီများသာရှိသည်။ကိုယ်ပိုင်ဝယ်ထားသည့်
အင်္ကျီတစ်ထည်မျှမရှိသေးပေ။ကြိုက်သည့်အဝတ်စားများတွေ့ခဲ့လျင်အမေ အစ်မကိုပြောပြပြီးသာ ဝယ်လေ့ရှိသည်။အခုခါ ကိုထူးဝယ်ပေး သည့် အင်္ကျီကို အစ်မဖြစ်သူကမေးမြန်းတဲ့အခါ ကောင်းဆက်ပိုင်သည် အမှန်တိုင်းသာဖြေကြားတော့သည်။

ထိုကြောင့် မုသား ဆိုခဲ့သည် (Completed)Hikayelerin yaşadığı yer. Şimdi keşfedin