MLBB-1

4.1K 185 10
                                    

Unicode

Alarm မြည်လာလို့ မျက်လုံးဖွင့်လိုက်တာနဲ့ ပြတင်းပေါက်ကနေ ၀င်ရောက်လာတဲ့ လေ‌‌ပြေတွေက မျက်နှာကိုတိုက်ခတ်လာမှုကြောင့် စိတ်ကြည်သွားတာတော့ အမှန်ပင်

ဖေဖေ့ အလုပ်ကိစ္စနဲ့guanju(ဂွမ်ဂျူ)ကနေ Seoul(ဆိုးလ်)ကိုအိမ်ပြောင်းလာခဲ့တာ တစ်ပတ်ပင်ပြည့်ခဲ့ ပြီ

ဒီနေ့တော့ ကျောင်းစတက်ရမည့်နေ့မို့စောစောထပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ရမည်

Seoulမှာပထမဆုံးကျောင်းစတက်ရမည့်နေ့မို့ရင်ခုန်မိတာတော့အမှန်ပင် ဘယ်လို စိတ်လှုပ်ရှားမှု တွေရှိနေမလဲ သူငယ်ချင်းအသစ်တွေနဲ့ ဘယ်လိုမိတ်ဖွဲ့ရမလဲဆိုတာတွေသာ ဟိုဆော့တွေးနေမိသည်

*ဒေါက် ဒေါက်*

*သားငယ်လေးနိုးနေပြီလား*

တွေးလို့မှမဆုံးသေးပါ မေမေ ကလာနှိုးချေပြီ

*ဟုတ် နိုးနေပြီမေ‌မေ*

*ဒါဆိုရေချိုးပြီးအောက်ကိုဆင်းလာခဲ့နော် မေမေ မနက်စာပြင်ထားပေးတယ်*

*ဟုတ် ဆင်းလာခဲ့မယ် *

မေမေလည်း အောက်ပြန်ဆင်းသွားပြီမို့ အတွေးတွေကို လက်စသတ်ပြီး
ရေချိုးခန်းထဲကိုသာ ၀င်လာခဲ့သည်

(。♡‿♡。)(。♡‿♡。)(。♡‿♡。)

ရေချိုးပြီး အောက်ဆင်းလာတော့ ထမင်းစားပွဲတွင် ဖေဖေ မေမေ အပြင် မမပါ ရှိနေသည်

*Morning သားငယ်လေး*

*Morningမမ*

အမြဲလှနေသောမမဟာ ဒီနေ့လည်း ကြက်သွေးရောင် ဆွယ်တာ အင်္ကျီနဲ့ အလှတ်ိုးနေခဲ့ပြန်ပါပြီ

*ကျောင်းအတွက် စိတ်လှုပ်ရှားနေတာလား သားငယ်လေး *

*ဟီး နည်းနည်း*

ကလေးလိုပထမဆုံးကျောင်း တက်မှာလည်း မဟုတ်ပဲ စိတ်လှုပ်ရှားနေသော ကိုယ့် အဖြစ်ကိုမမ က တန်းကနဲမေးလာတော့ အရှက်ပြေသာ ရီလိုက်ရသည်

*ဘာမှစိတ်မလှုပ်ရှားပါနဲ့ အားလုံးအဆင်ပြေသွားလိမ့်မယ် မမကို ယုံ*

မျက်လုံးတစ်ဖတ်မှိတ်ပြီး ပြုံးသောမမ ကိူကြည့်ပြီး စိတ်လှုပ်ရှားမှုတွေအကုန်လွင့်ကုန်တယ်

𝗠𝘆 𝗟𝗼𝘃𝗲𝗿 𝗕𝗮𝗱 𝗕𝗼𝘆Where stories live. Discover now