MLBB-18

756 95 20
                                    

Unicode

ညကောင်းကင်မှာ ကြယ်တွေဟာတလက်လက်နဲ့
တောက်ပနေတဲ့ကြယ်တွေကိုကြည့်ပြီးjiminရင်တွေခုန်လာတယ်

ခနနေjungkookကသူ့ကိုလာခေါ်လိမ့်မယ်
တစ်နည်းပြောရရင်လာခိုးတာပေါ့
သူဒီလိုလုပ်လို့မိဘတွေအပြစ်တင်လည်းခံပါ့မယ်
သူတကယ်jungkookနဲ့မခွဲနိုင်ပါ

"Ti Ti Ti.... Hello..."

"Hello... ကိုယ်လမ်းထိပ်မှာရောက်နေပြီနော် minထွက်လာလို့ရပြီ...ကိုယ်ရင်တွေခုန်နေတယ်သိလား..အရမ်းလည်းပျော်တယ်...."

"ငါရောပဲ...ခနနေထွက်ခဲ့မယ်နော်..."

ဖုန်းဆက်ကာအဆင်သင့်ဖြစ်ပြီမို့ ကြိုထည့်ထားတဲ့အဝတ်အစားအိတ်ကို ဖြည်းဖြည်းမကာ အောက်ထပ်ကိုတလှမ်းချင်းဆင်းလိုက်တယ်

အိမ်ထဲမီးကိုပိတ်ထားပေမယ့် အပြင်ဘက်လမ်းမီးကိုဖွင့်ထားတာမို့ အိမ်တွင်းကိုအလင်းကတစွန်းတစဝင်ရောက်နေတယ်

တိတ်ဆိတ်နေတဲ့အိမ်အတွင်းမှာjiminအသာခြေဖော့လျောက်ကာ အဖေနဲ့အမေအိပ်နေတဲ့အခန်းတံခါးကိုအသာလှပ်လိုက်တယ်
ကုတင်ပေါ်မှာအိပ်မောကျနေတဲ့ အဖေနဲ့အမေကို လက်အုပ်ချီ အသံတိတ် ကန်တော့ပြီး jiminမျက်ရည်တို့ဝဲနေမိတယ်

"သားမိုက်ပြစ်တွေမို့ခွင့်မလွှတ်ပါနဲ့...တောင်းပန်ပါတယ် အဖေနဲ့အမေ..."

ကျဆင်းလာတဲ့မျက်ရည်တွေကိုသုပ်ကာ အဝတ်အစားအိတ်ကိုဆွဲပြီး အပြင်ထွက်လာခဲ့တယ်

"Min..ကိုယ်. စိတ်ပူ‌‌နေတာ... လာမှလာပါ့မလားလို့minရယ်..."

Jiminကိုတွေ့တာနဲ့ ရင်ခွင်ထဲဖတ်ထားတာ တကယ်ကြီးjungkookကစိုးရိမ်နေဟန် .........

"လာရမှာပေါ့...ငါကမင်းကိုချစ်တယ်လေ...မင်းနဲ့မခွဲနိုင်ဘူး....."

"မငိုပါနဲ့တော့...နောက်မှအဖေနဲ့အမေ့ကို ခွင့်လွှတ်ဖို့တောင်းပန်ကျမယ်လေ လုပ်ချင်ရာလုပ်ထားပြီးမှ တောင်းပန်ဖို့ ခွင့်တောင်းတာမဟုတ်ပေမယ့်...ကိုယ်minနဲ့မဝေးချင်ဘူး...."

"ငါလည်းထပ်တူပါပဲ.....သွားကျမယ်လေ....တော်ကြာအမေတို့နိုးလာရင် တစ်သက်စာခွဲနေရလိမ့်မယ်....."

𝗠𝘆 𝗟𝗼𝘃𝗲𝗿 𝗕𝗮𝗱 𝗕𝗼𝘆Where stories live. Discover now