MLBB-15

880 114 31
                                    

Unicode

Hoseok စိတ်အခြေအနေတွေ သိပ်မကောင်းပါ ဘာကြောင့်ဆို Kim taehyungက လက်ကျိုးနေခဲ့တယ် ရေချိုးခန်းထဲက ချော်လဲပြီး လက်အရိုးတောင်အပ်သွားခဲ့တယ် တဲ့
ကြားကြားခြင်းတုန်းကဆို hoseokတစ်ယောက် မျက်ရည်တွေဝဲကာ ချက်ချင်းပင် ပြေးထွက်လာခဲ့တာ
အဲ့လူဆိုးကောင်က လူကို ဝမ်းနည်းရအောင်သိပ်
လုပ်တာ

*လက်က အဆင်ရောပြေရဲ့လား... မင်းက ကလေးလား ရေချိုးခန်းထဲ ချော်လဲရအောင်
ကိုယ့်ဘာသာကိုယ် ဘာလို့ဂရုမစိုက်တာလဲ
လက်ပဲ ဖြစ်လို့ပေါ့ မတော်တဆ ခေါင်းထိသွားရင် ဦးနှောက် တွေပွင့်နိုင်တယ်လေ နမော်နမဲ့နဲ့
လူကဖြင့် မကြာခင် တက္ကသိုလ်တောင်တက်ရတော့မှာလေ $_&#@####*

အဆင်ပြေရဲ့လား မေးပြီးထဲက တောက်လျောက်
ပွစိပွစိနဲ့ ပြောနေလိုက်တာများ
သိပ်ချစ်ဖို့ကောင်းတယ် သူ့ကျွန်တော်ကို စိတ်ပူနေမှန်းသိတော့ပိုလို့တောင်ပျော်မိတယ်
ဒီလိုသာဆို ကျွန်တော်သူ့ကို ဖွင့်ပြောရင်အခြေအနေကောင်းနိုင်တယ်မှတ်လား
သူဒီလိုပြောနေတဲ့ပုံက ကျွန်တော်စိတ်ထဲ ကြည်နူးမိတယ်
ဘာကြောင့်လဲဆို....မသိရင် အမျိုးသားက အပြစ်လုပ်ထားလို့ ဆူနေတဲ့အိမ်သူနဲ့တူတယ်

ကျွန်တော်က အမျိုးသား သူကအိမ်သူပေါ့ဗျာ
အဲ့လိုအမြန်ဖြစ်ရင်သိပ်ကောင်းမယ်ဗျာ...

*နားငြီးလိုက်တာ ......သာလိကာလိုပဲပွစိပွစိနဲ့ *

*ဟာ့ ...ငါပြောတာ မင်းအတွက်လေ လက်တစ်ခုလုံးတောင်ကျိုးတယ် ဆိုတော့ မင်းဘယ်လောက်တောင် ရေချိုးခန်းထဲ နံ့ နေလဲမှမသိတာ ဒီလောက်ပြောတာတောင်နည်းသေးတယ်....*

*ပြောပြော...စိတ်ကျေနပ်တဲ့အထိသာပြော နားထောင်ပေးမယ် အခုတော့ အင်္ကျီလဲပေးအုန်း...*

*ဟင်.....*

*အင်္ကျီလေ လဲပေးအုန်းလို့ ....ငါခိုင်းတာ လုပ်ပေးမယ်လို့ကတိပေးထားတယ်လေ မေ့နေပြီလား....*

သူ့ကို ဘယ်လိုလဲပေးရမှာလဲ
လဲပေးရင် သူ့ရဲ့  ကြွက်သားတွေ ရင်အုပ်တွေ  စတာစတာတွေကို သူမြင်ရမှာပေါ့
တွေးရင်းတွေးရင် hoseokတစ်ယောက် မျက်နှာတွေ ရဲလာတယ်

𝗠𝘆 𝗟𝗼𝘃𝗲𝗿 𝗕𝗮𝗱 𝗕𝗼𝘆Where stories live. Discover now