MLBB-23

650 104 33
                                    


Unicode

(5years later)

ရက်ကိုလစားလကိုနှစ်စားနဲ့အချိန်တွေကြာညောင်းခဲ့ပြီ ..Kim taehyungကိုလုံးဝမေ့မရခဲ့ဘူးအချစ်ဦးကလည်းသူဖြစ်နေတယ်..အချစ်ဆုံးကလည်းသူတစ်ယောက်ထဲမို့ရင်နှင့်မဆန့်အောင်ခံစားရတယ်..လုံးဝကိုမေ့လို့မရနိုင်ခဲ့ဘူး.ငို‌ကြွေးခဲ့ရတဲ့မျက်ရည်‌တွေသာအသက်ရှိရင်ကျွန်တော်ကိုအငိုတိတ်ပါတော့လို့ပြောကျမယ်ထင်တယ်...သူ့ကိုမေ့အောင်ကျောင်းတက်တုန်းကကျောင်းစာထဲအာရုံနှစ်ပြီးလုပ်ခဲ့တယ်....ဘယ်လိုပဲလုပ်လုပ်သူ့ကိုပဲသတိရနေတယ်လွမ်းနေတယ်....ကျွန်တော့်ရဲ့အချစ်စိတ်တွေကသူ့တစ်‌ယောက်ထဲ‌ပေါ်မှာသာပြင်းပြနေလေတယ်...

သူကတော့ကျွန်တော်နဲ့လမ်းခွဲပြီးနောက်နေ့ပဲသူ့မိဘတွေစီးပွားရေးအခြေချလုပ်ကိုင်နေတဲ့USကိုပြန်သွားခဲ့တယ်တဲ့...လေးလေးRMပြောပြပုံအရtaehyungကဟိုရောက်မှပိုပြီးဆိုးသွမ်းလာတယ်တဲ့..မိန်းကလေးတွေတစ်ယောက်ပြီးတစ်ယောက်ပြီးလည်းတွဲတယ်တဲ့ရန်တွေဖြစ်လို့အချုပ်ခန်းရောက်ပေါင်းလည်းမနည်းတော့ပါကွဲပြဲလွန်းလို့လည်းဆရာဝန်တွေကအစသူ့ကိုမျက်မှန်းတန်းမိနေပြီလို့လေးလေးRMကပြောတယ်...
မင်းလည်းမင်းရဲ့ဘဝအသစ်မှာနေပျော်နေပုံပဲ..ကောင်းပါတယ်ငါ့ကိုမေ့ပြစ်လိုက်ပါ...ငါကတော့မင်းကိုပဲဆက်လက်ချစ်သွားဖို့ရည်စူးထားတယ်ငါ့ရဲ့လူဆိုးလေး....

ပန်းဆိုင်လေးထဲဝယ်အတွေးတို့လွန်ကာအချစ်ဦးကိုလွမ်းမောနေသောဆိုင်ရှင်လေးရှိလေတယ်...

"ချွင်"

"ကြိုဆိုပါတယ်ဘာပန်းများအလိုရှိသလဲမသိဘူး..."

ငေးမောနေရာမှတံခါးမှခေါင်းလောင်းသံလေးကြားမှသတိဝင်လာတယ်

"ကိုယ့်ကိုမမှတ်မိဘူးလားhoseok.."

"ဘယ်သူလဲမသိဘူး..."

Hoseokတကယ်ကိုမမှတ်မိပါ..ဘယ်သူကြီးလဲအနွေးထည်လက်ရှည်အမဲကိုဝတ်ဆင်ထားကာခေါင်းကိုစွပ်ထားတာမြိုအသံနဲ့တင်လူမခွဲတတ်

"ကိုယ်လေ..."

"တကယ်တောင်းပန်ပါတယ်ကျွန်တော်မမှတ်မိလို့ပါ..."

𝗠𝘆 𝗟𝗼𝘃𝗲𝗿 𝗕𝗮𝗱 𝗕𝗼𝘆Where stories live. Discover now