>Zawgyi<
ဆရာမမရှိ၍ဆူညံနေသောအခန်းတွင်း ငြင်းခုန်နေကြတဲ့အမျိုးသမီးနှစ်ယောက်...
"ဒီပို့စ်ကိုတင်တာ နင်မလားဘာလို့ဒီလိုလုပ်ရတာလဲ"
"ဘာဖြစ်လို့လဲ လူတိုင်းသိထားသင့်တယ်မလား ဂန်းထယ်ဟျောန်းကလူလိမ်ဆိုတာ"
"သူကဟန်ဆောင်ယုံဘဲရှိသေးတာ နင်ပြောသလိုမှမဟုတ်တာ ဘာဘဲဖြစ်ဖြစ် နင်ဒီလိုမလုပ်သင့်ဘူး"
"ငါ့ကို တရားလာဟောမနေနဲ့ ဟက် ဂန်းထယ်ဟျောန်းတော့ ဒီသတင်းတွေမြင်ပြီး စွေ့စွေ့ခုန်နေလောက်ပြီ"
"နင် ဒီသတင်းကိုဘယ်ကရတာလဲ ပုံရောဘဲ"
"သတင်းပေးတဲ့သူရှိတယ် ပုံကသူမနေ့ကအိမ်ထဲကထွက်လာတုန်းက ရိုက်လိုက်တာ"
"သတင်းပေးတဲ့သူက?..."
"နင်သိပါတယ် မင်ယောင်းဝူလေ"
"ယောင်းဝူက..."
"အွန်း ဒီသတင်းတွေသိပြီးရင် ဟျူးနှင်း Oppaရဲ့ရွေးချယ်မှုကလဲ ငါဘဲဖြစ်တော့မှာ"
"ယောက်ျားလေးဖြစ်တော့ရော ဘာဖြစ်လဲသူတို့နှစ်ယောက်က တကယ်လိုက်တာကို"
"ဟဲ့ ယောက်ျားလေးအချင်းချင်း တွဲစရာလား"
"ဘယ်ခေတ်မှာနေနေတာလဲ အချစ်ဆိုတာယောက်ျားနဲ့မိန်းမကြားမှာဘဲရှိတာလား ဘယ်သူ့ကိုဘဲချစ်ချစ် အချစ်ကအချစ်ဘဲလေ"
"နင်ကငါ့သူငယ်ချင်းလား ဂန်းထယ်ဟျောန်းရဲ့သူငယ်ချင်းလား"
"ငါက နင့်သူငယ်ချင်း ဒါပေမယ့် ဂန်းထယ်ဟျောန်းဘက်က သူတို့နှစ်ယောက်ကိုတွဲမြင်ရတာ ဘယ်လောက်တောင်လိုက်ဖက်လဲ..."
"ဂိုယွန်းဂျီ ပွင့်ပွင့်လင်းလင်းပြောစမ်းပါ နင်မင်ယောင်းဝူကို သဘောကျနေလို့ ဒီလိုတွေလုပ်နေတာမလား အဲ့တာကြောင့် ဟျူးနှင်း Oppaနဲ့ဂန်းထယ်ဟျောန်းကို သဘောတူနေတာမလား"
"ငါ့ကိုနင့်စိတ်နဲ့မနှိုင်းနဲ့ နင်ပြောသလိုဘဲ ငါယောင်းဝူကိုသဘောကျတယ် ယောင်းဝူကဘယ်သူ့ကိုဘဲချစ်ချစ် ဘယ်သူ့ကိုဘဲရွေးရွေး ငါကလက်ခံပေးမှာ ဟျူးနှင်း Oppaနဲ့ဂန်းထယ်ဟျောန်းက တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြတာဘဲကို နင်မနှောင့်ယှက်သင့်ဘူး နင်လက်လွှတ်လိုက်ပါဟာ"
DU LIEST GERADE
ᴵ ᴬᵐ ᴬ ᴳᵘʸ || TYUNNING >Cᴏʍᴩlᴇᴛᴇd<
Fanfiction♡Heuning Kai & Kang Taehyun♡ "မင်းရဲ့ ယောက်ျားလေးဆန်တဲ့ အပြုအမူတွေကို သဘောကျတယ်" "ကျနော်က ယောက်ျားလေးဘဲလေ" "မင်းရဲ့ ယောက်ျားလေးဆန်တဲ့ အပြုအမူတွေကို သဘောကျတယ်" "ကျနော်က ယောက်ျားလေးဘဲလေ Start date-4.4.2022 End date-11.5.2022 Extra date-12.5.2022