♡Ep 9♡

104 26 6
                                    


>Zawgyi<

နိုးထလာတဲ့ မနက်ခင်းဟာ ပုံမှန်နေ့တွေလို တက်ကြွမှုမရှိဘဲ ခြောက်ကပ်ကပ်နိုင်လှသည်။ သူငယ်ချင်းကို ဝမ်းနည်းအောင်လုပ်မိလို့လား သူငယ်ချင်းဆီကဖွင့်ပြောခြင်းကို ခံခဲ့ရလို့လားတော့ သေချာမသိ ကျောင်းမသွားချင်ပေမယ့် မသွားလို့မဖြစ်တာမို့ သွားရပေဦးမည်။

"ကျောင်းသွားတော့မလို့လား မနက်စာစားသွားဦးလေ... ဟဲ့ ပြောနေတာမကြားရအောင် ဘာတွေအတွေးလွန်နေတာလဲမသိဘူး"

ဟူး ဖြစ်နိုင်ရင် တိမ်တွေပေါ်မှာဘဲ လွင့်နေချင်မိတော့တယ်

"ထယ်ဟျောန်း!..."

"ဟင်! ဂျေးအီ..."

"တူတူသွားရအောင်..."

"အွန်း..."

ကျောင်းရောက်တော့ လူတွေကကျနော့်ကို ကွက်ကြည့်ကွက်ကြည့်နဲ့ တိုးတိုး တိုးတိုးပြောနေကြသလိုဘဲ...

"ဂျေးအီရား ဘာလို့ငါ့ကိုဝိုင်းကြည့်နေကြတာလဲ တစ်ခုခုပေနေလို့လား"

"ဟင် ဘာမှမပေပါဘူး"

"Unnie ဒီဟာ...ဒီသတင်းက အ အမှန်ဘဲလား"

ဟီအဲကရုတ်တရက်ရောက်လာပြီး မေးလာတော့ဘာလဲရေရေရာရာမသိ မျက်လုံးတွေက ငိုထားတာလားဘာလား မောနေတဲ့ပုံက ပြေးလာမှန်းသိသာသည်။ဟီအဲဆီကဖုန်းကို ယူပြီးကြည့်လိုက်တော့...

ကိုးရီးယားဆိုးလ်တက္ကသိုလ်တွင် တက်ရောက်ပညာသင်ယူနေသော ဂန်းထယ်ဟျောန်းဆိုသူသည် မိန်းကလေးဟန်ဆောင်ထားသော ယောက်ျားလေးတစ်ယောက်သာဖြစ်ပါသည်။ ယောက်ျားလေးများ၏ အာရုံစိုက်ခြင်းကိုခံရပြီး မြူဆွယ်ဖြားယောင်းလာနိုင်ပါသဖြင့် အထူးသတိပြုရန်...
သတိ-သတင်းအမှန်ဖြစ်ကြောင်

ဆိုပြီးကျနော့်နဂိုပုံစံနဲ့တကွ ဖော်ပြထားခြင်းဖြစ်ပြီး လတ်တလော Trendingပင်ဖြစ်နေသည်။

"Unnie မဟုတ်ဘူးမလား... Unnieကအဲ့လိုလုပ်စရာအကြောင်းမရှိဘူးမလား"

"ဟီအဲရား တောင်းပန်ပါတယ်"

:ဟယ် တကယ်ကြီးလား
:ကောလဟာလထင်နေတာ တကယ်ကြီးဖြစ်နေတာဘဲ
:ကြည့်ရတာ တကယ်ထင်တယ်
စသဖြင့် တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ ထွက်လာလေသည်။

ᴵ ᴬᵐ ᴬ ᴳᵘʸ || TYUNNING &gt;Cᴏʍᴩlᴇᴛᴇd&lt;Donde viven las historias. Descúbrelo ahora