3

1K 80 2
                                    

Zawgyi

ကျောင်းသားကျောင်းသူတွေ စာသင်ခန်းထဲရောက်နေပြီး ဝမ်ရိပေါ်ကလည်း ခုံမှာဝင်ထိုင်လိုက်သည်။ပုံမှန်တွေ့နေကြ နွားနို့နဲ့ချောကလတ်ကိတ်ကိုတွေ့တော့ အမှိုက်ပုံးထဲသို့လွှတ်ပစ်လိုက်သည်။မုန့်တွေနဲ့လာပိုးပန်းရအောင် သူက ကလေးလည်းမဟုတ်သလို ပါးလေးတွေရဲပြီးအပျိုဖျန်းလေးတစ်ယောက်လို ရှက်နေမဲ့လူလည်း မဟုတ်ပါ။အဲ့ဒီမုန့်တွေကိုလာပေးတဲ့သူက 'ရှောင်းကျန့်'မှန်းလည်း သူသိပါသည်။

ရှောင်းကျန့်ဟာ မိန်းကလေးတွေပါမက ယောက်ျားလေးတွေပါ သဘောကျရတဲ့ယောက်ျားတစ်ယောက်။သို့သော် အဲ့ထဲမှာ ဝမ်ရိပေါ်မပါဝင်။ရှောင်းကျန့်ကလည်း ဝမ်ရိပေါ်နဲ့မတွေ့ခင်တုန်းက သူ့ကိုလာကြိုက်တဲ့လူတွေကို သဘောကျရင်ပြန်တွဲခဲ့တာမို့ ရည်းစားရှုပ်တဲ့လူတစ်ယောက်ဟု နာမည်ကြီးသည်။

လူရှုပ်လူပွေတွေကို ဝမ်ရိပေါ်က တကယ်ကိုမကြိုက်ပါဘူး။

အခန်းထဲကို ဆရာမရောက်လာတာမို့ တွေးလက်စအတွေးတွေ ပျက်သွားရသည်။

"ကဲ ငြိမ်ငြိမ်နေကြ ဒီနေ့ ကျောင်းကို ကျောင်းသူသစ်တစ်ယောက်ရောက်လာတယ် သမီး မိတ်ဆက်လိုက်ပါဦး"

"ငါနာမည်က ရှောင်းဟုန်ပါ"

"သမီး လွတ်တဲ့ခုံမှာ သွားထိုင်လိုက်"

"ဟုတ် teacher"

ကောင်မလေးက ဒူးအထက်စကပ်အတိုလေးနဲ့ ဆံပင်က ဂုတ်လောက်ထိပဲရှည်ပြီး စတော်ဘယ်ရီပုံ ကလစ်လေးကို ပန်ထားလေသည်။ခုံအလွတ်ကို ရှာမတွေ့တော့ ကောင်မလေးကဟိုကြည့်ဒီကြည့်နဲ့မို့ ရှောင်းကျန့်က သူ့ခုံကို ဖယ်ပေးလိုက်ကာ အနောက်က စာဂျပိုးကောင်ကို နေရာရွေ့ပေးဖို့ပြောလိုက်သည်။ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့အနောက်ဖြစ်တဲ့ ခုံမှာထိုင်ပြီး ကောင်မလေးကတော့ ဝမ်ရိပေါ်ရဲ့ဘေးမှာထိုင်လေသည်။ဟိုစာဂျပိုးကတော့ သေချင်တဲ့နေရာမှာသေ။

ရှောင်းကျန့်နေရာဖယ်ပေးလိုက်တော့ ကောင်မလေးက ရှက်သွားပြီး အသံတိုးတိုးလေးနဲ့ ​ကျေးဇူးလို့တောင်ပြောလိုက်သေးတယ်။ဖြစ်စဉ်တစ်ခုလုံးကို မြင်လိုက်ရတဲ့ လူတွေကလည်း တဝိုးဝိုးတဝါးဝါးနဲ့။ဝမ်ရိပေါ်ကတော့ အပြင်ပိုင်းမှာတည်ငြိမ်နေပေမဲ့ စိတ်ထဲမှာတော့ မီးတောင်ပေါက်ကွဲနေသလို ခံစားနေရသည်။

You've reached the end of published parts.

⏰ Last updated: Nov 03, 2022 ⏰

Add this story to your Library to get notified about new parts!

Sweet love[ZHANYI]Where stories live. Discover now