2

928 92 2
                                    

Unicode

"ရှောင်းကျန့်!"

Basketball ကွင်းထဲမှ ဝမ်ရိပေါ်ရဲ့အော်သံဟာ ဟိန်းထွက်နေသည်။

"အကို ကျန်းမင်ကို မင်းဘယ်လိုလုပ်လိုက်တာလဲ!"

Basketball စကားနေရင်း ဝမ်အလုံးလေးကို ရန်ဘက်ကောင်နဲ့ တွေ့လိုက်ရတာမို့ ရှောင်းကျန့်က ထိုရန်ဘက်ကောင်ကို ဘောလုံးနဲ့ပစ်ပေါက်လိုက်ခြင်းပင်။လက်တည့်တော့ ခေါင်းကိုတည့်တည့် မှန်သွားသည်။နောက်မှ သူငယ်ချင်းတစ်သိုက်ရဲ့ အားပေးသံတွေကိုလည်း သူကြားနေရစဲ။

"ကိုယ့်လမ်းမှာလာပိတ်နေလို့လေ"

"မင်းက တကယ် လူဆိုးကောင်ပဲ"

ဝမ်ရိပေါ်က ကျန်းမင်ကို တွဲပြီး ကျောင်းဆေးခန်းခေါ်သွားဖို့လုပ်ပေမဲ့ ရှောင်းကျန့်ရဲ့အနောက်က သူငယ်ချင်းတစ်သိုက်ဟာ အလိုက်သိစွာဖြင့် ကျန်းမင်ကို ပုခုံးပေါ်ထမ်းလို့ခေါ်သွားကြလေသည်။

"ငါ့ကိုဘယ်ခေါ်သွားမို့လဲ!"

ကျန်းမင်ရဲ့အလန့်တကြားအော်သံကြောင့်

"စိတ်ချပါ မင်းကို ပျောက်အောင်ကုပေးနိုင်မဲ့နေရာကို ငါတို့က ခေါ်သွားမှာ"

ဝမ်ချောင်ရဲ့စကားအဆုံး ဟောက်ရွှမ်းကပါ ဝင်ပြောလေသည်။

"ဘာပျောက်တာလဲ"

"အသက်"

ဟောက်ရွှမ်းရဲ့အမေးကို ကျိုးချန်က ပြန်ဖြေပြီး သုံးယောက်သားရယ်မောကြရင်း ကျန်းမင်ကို ခြေထောက်ကဆွဲသူကဆွဲ လက်ကဆွဲသူကဆွဲဖြင့်။ထိုသုံးယောက်ကြား ကျန်းမင်ဟာ ယက်ကန်ယက်ကန်ဖြင့်ပါသွားလေသည်။

"ခွီ"

သူငယ်ချင်းသုံးယောက်ကိုကြည့်ပြီး ရီချလိုက်တဲ့ရှောင်းကျန့်ကို ဝမ်အလုံးလေးဟာ မျက်စောင်းလှလှလေးပေးလို့ လှည့်ထွက်သွားပုံများ မက်မွန်သီးလေးကပါ တုန်တက်လို့။နောက်နေ့မှ အဲ့မက်မွန်သီးလေးတွေကို ရိုက်ပြီးအပြစ်ပေးအုံးမယ် ဟု ရှောင်းကျန့်တွေးထားလိုက်လေသည်။

_______________

ဒီနေ့ ကျောင်းပိတ်ရက်မို့ ဝမ်ရိပေါ်တစ်ယောက်အိမ်အလုပ်တွေကူလုပ်နေရလေသည်။မမကတော့ အရေးကြီးစာမေးပွဲရှိသည်ဟုဆိုကာ အခန်းထဲကနေ ထွက်မလာတော့တာမို့ အိမ်အလုပ်တွေက ပိုလုပ်ရသည်။

Sweet love[ZHANYI]Where stories live. Discover now