ficလက်ဆောင်လေးမို့လို့ပါ
အခါးမပါပဲ ချိုမှာပါ ပထမဆုံးရေးဖူးတဲ့ ficအချိုလေးမို့ အမှားပါသွားရင်သွေ့ပုချီUnicode
"အားဝမ်...အားဝမ် ထတော့"
ကြက်တောင်မွှေးလေးလိုမျိုးဆံပင်ကိုတစ်စုတစ်စည်းထဲ စည်းထားပြီး စောင်အထူကြီးထဲမှမြုပ်နေတဲ့ မောင်ဖြစ်သူကိုကြည့်ကာ ထိုကြက်တောင်မွှေးလေးကို ဆွဲလို့နှိုးရပါတော့သည်။
"အွန်းးးးးးးး"
အွန်းဟုအသံပြုပြီးဟိုဘက်ပြန်လှည့်သွားတဲ့ မောင်ဖြစ်သူကြောင့် ဝမ်လုယွင် သက်ပျင်းချရင်း။
"နင်အခုမထရင် နင့်အတွက်မနက်စာမရှိတော့ဘူး"
ထိုအခါမှငုတ်တုတ်ထထိုင်ကာ ဝမ်လုယွင်ကို မျက်လုံးပြူးလေးတွေနဲ့ကြည့်ပြီး တစ်ခုခုကိုဘဘောပေါက်သွားဟန်ဖြင့်။
"အားးးးးး မားမား သားသားကြက်ကြော်တွေ"
ဝမ်လုယွင်မှာ ရီချင်စိတ်ကိုထိန်းကာ သူ့မောင်ကို ရေချိုးခန်းထဲအတင်းတိုးပို့ရပါတော့သည်။
"ဗြဲ သားကြက်ကြော်တွေ"
သွးတိုက်တံကိုပါးစပ်ထဲထည့်လို့ ငိုနေတဲ့ အားဝမ်ကြောင့် လှမ်းသတိပေးလိုက်ရသည်။
"ဟဲ့ နင့်ကြက်ကြော်တွေရှိတယ် ဘယ်သူမှမစားဘူး ရေသာမြန်မြန်ချိုးစမ်းပါ"
မနေ့ညက စိတ်ကူးပေါက်ပြီး ကြက်သားတွေဝယ်လာကာ မနက်ကျရင်ကျောင်းယူသွားမို့ဆိုပြီး မားမားကိုကြော်ခိုင်းထားပေမဲ့ အိမ်ကအမွှေစိန်မမကြောင့် ကြက်သားတွေကို သူစိတ်မချတော့။ထိုကြောင့်ရေမြန်မြန်ချိုးပြီးပြင်ဆင်ကာ သွားကြည့်မှရတော့မည်။
"မားမား သားကြက်ကြော်တွေရော"
"ငါ့စီမှာ ရော့"
ဝမ်လုယွင်မှာ နှုတ်ခမ်းကိုမဲ့ပစ်လိုက်ပြီး ကြက်ကြော်ဗူးကို အားဝမ်လက်ထဲထိုးပေးလိုက်သည်။
"ကြက်ကြော်ဗူးကို အသက်ထက်တန်ဖိုးထားနေလိုက်"
"ဟီး မမကလဲ"
"မဟီးနဲ့ ငါနင့်ကိုမေးမယ် နင် ကြိတ်သဘောကျနေတဲ့လူရှိနေတာလား"