🔸အဖြူရောင်နုနု🔸17
အပိုင်း~၁၇
အိမ်ပြန်ရောက်တော့ဖြူဖြူ့ရှေ့မှာကားသော့ကိုချပေးပြီး...
" ရော့မင်းပြန်သိမ်းထားလိုက်၊ ငွေသားအပြည့်ပေးနိုင်တဲ့နေ့ကျရင်၊ငါပြန်ယူမယ်..."
ညနေကတည်းကယောက္ခမအန်တီဆီကကြားပြီးသားမို့ဖြူဖြူသိပ်မအံ့သြတော့ပါ။
"ကိုကိုပဲ ယူထားပါ၊ ကိုကိုစီးနေကြကိုမစီးတော့မှသာလူတွေမြင်မှာပါ..."ဘာမှပြန်မပြောပဲရေချိုးခန်းထဲ၀င်သွားပြီးရေသံဝုန်း
၀ုန်းကြားနေရသည်။
ုပြန်ထွက်လာတော့အ၀တ်လဲပြီးအိပ်ယာပေါ်တန်း
တတ်သွားသည်။
" တစ်ခုခုမစားတော့ဘူးလား...ကိုကို"
" ပင်ပန်းနေလို့ အိပ်ချင်ပြီ..."
ဟင်...
သူကဖြူဖြူ့ဘက်ကိုကျောပေးထားပြီးအိပ်ပျော်
သွားတော့သည်။
ဟင်းး။ဒါငါ့ဇနီးကငါ့ကိုချစ်လို့ဖြည့်ဆည်းပေးထားတာလို့တွေးမပေးနိုင်ဘူးလားကိုကိုရယ်။>>>>>>>>>>
သူ့အတွက်အမ်အက်စီစာမေးပွဲနီးလာတော့..
Private Study(စာကြည့်ရက်)ရပြီးဆေးရုံမှာ
မဆင်းရတော့ပါ။ဒါအခက်ခဲဆုံးစာမေးပွဲဖြစ်တဲ့အတွက်..သီးသန့်စာကြည့်ချင်လို့အပြင်မှာနေမယ်လို့
ပြောတော့..ဖြူဖြူကသူမပဲငွေကြာရံအိမ်ကိုပြန်နေ
မယ်၊ကိုကိုကဒီမှာနေဆိုပြီးညှိလိုက်ကြသည်။တသက်လုံးကစာတွေကျက်လာတဲ့ ဟိုက်ပါတွေဆို
ပေမယ့်ဒီစာမေးပွဲပြီးရင်စီနီယာတွေအကုန်ပြောတတ်တဲ့စကားကြီးတစ်ခွန်းက..
"ဘုရားစူးဟေ့ ဒီတသက်ဘာစာမေးပွဲမှထပ်မဖြေ
တော့ဘူး" ဆိုတာပါပဲ။
အမှတ်မရှိတဲ့လူတွေကသာပါမောက္ခဖြစ်လာတာပါ။
တကယ်ခေါင်းတွေပူထူပြီးအမျိုးသမီးတွေဆိုထိုင်ငို
တဲ့အထိဖြစ်တတ်ကြသည်။ကျောင်းမတတ်ရတော့ဘူးဆိုပေမယ့်ကျောင်းကိုမကြာခဏသွားပြီးလိုအပ်တဲ့ကိုးကားချက်တွေရဖို့
စာကြည့်တိုက်မှာလည်းမွှေရသေးသည်။
့ဖြူဖြူ့ကိုဖြတ်ခနဲကျောင်းမှာတွေ့လိုက်ရပါသည်။သူနဲ့ဆန့်ကျင်ဘက်ဖြစ်ကာဘာပူပင်သောကမှမရှိပါပဲ..
3rdMBမှာဟေးလားဝါးလားလုပ်နေကာ၊အုပ်စု
လိုက်ရုပ်ရှင်တောင်သွားကြည့်ခဲ့ကြောင်းသူ့ဆီ
သတင်းတွေကရောက်လာသည်။
အုပ်စုလိုက်ဆိုတာမိန်းခလေးတွေချည်းမဟုတ်ဘူး
နော်။
ကျောင်းမှာသူရှိနေဆဲဖြစ်တာတောင်လွန်းဖြူဖြူကလည်းနယ်နယ်ရရမဟုတ်၊ပေါ်ပြူလာဖြစ်နေသေး
တာ။ဒီနှစ်တတ်လာတဲ့1stMBကကောင်လေး
တစ်ချို့ရဲ့အသဲစွဲမမပေါ့။
ဒါတောင်ဆေးကျောင်းမှာ၀တ်ချင်တာမ၀တ်ရလို့
ပေါ့ကွာ...မဟုတ်ရင်တော့ ပေါ်ပြုလာကွင်းကနေ
Sexxyကွင်းပါဖြစ်နေအုံးမှာ။
ESTÁS LEYENDO
အဖြူရောင်နုနု(complete)🚨
Ficción General" ဒယ်ဒီဘာပြောပြောဖြူဖြူတို့လက်ထပ်စရာမလိုပါဘူးကိုကို.." " ဒါပေါ့.. မင်းကမိဘကိုလည်းဂရုမစိုက်၊ပတ်၀န်း ကျင်ကိုလည်းဂရုမစိုက်ပဲနေနိုင်ပေမယ့်.. ငါကတော့ဆရာသမားကိုလေးစားသလို၊ငါ့မိဘကို လည်းခွေးအဖြစ်မခံနိုင်ဘူးကွ..... မင်းစခဲ့တာဆိုပေမယ့် ငါကဇတ်သိမ်းပေးမယ်... ...