🔸အဖြူရောင်နုနု🔸5
အပိုင်း~၅
ဦးဇင်းလူထွက်သူ့အဖေဦးမင်းနိုင်..ဆိုင်ကိုရောက်
တာနဲ့ကိုစိုးသိမ်းကစပြီး..သူ့သားလာသောက်ပြီးအမူးလွန်တဲ့အကြောင်းဖောက်သည်ချပါသည်။
" ညီလေး သက်သာရဲ့လား ဆရာ
ညကတော်တော်သောက်မိတာ.." တဲ့။
ပြီးတော့ကရင်...
ညကကရင်ကချက်ချင်းဆိုင်ကိုပြန်တာမဟုတ်ရေ
မြောင်းထဲမှာသူ့ဖိနပ်ကိုလိုက်ရှာနေတာ။ အဲ့တော့
သူတို့အိပ်ယာထဲမှာနလန်ထတဲ့ကိစ္စတွေကိုရိပ်စား
မိသွားပြီပေါ့။
ဦးမင်းနိုင်ကမေးတော့ဒဲ့မဖြေပေမယ့်လည်း...
သူအရင်ပြန်လာပြီးမမလေးပဲကျန်ခဲ့တယ်ဟုပြော
သည်။
ဒါဆိုဖြူဖြူကအိမ်မှာတစ်ညလုံးရှိခဲ့တာပေါ့၊သားဖြစ်
သူရဲ့မနက်ကပုံစံကလည်းထင်ချင်စရာပဲ။
တောက်)))ဒီခွေးကောင်တော့....
လွန်ခဲ့တဲ့တစ်နှစ်ကသူဌေးမလွန်းမီမီကအက်စီးဒင့်
နဲ့ဆုံးသွားတော့... ဆရာကြီးကသူ့ကိုခေါ်ကာ..
" ဒီဆိုင်ကိုခင်ဗျားပဲဆက်ပြီးစောင့်ရှောက်ပါ
ဒီကရသမျှကဖြူဖြူ့မုန့်ဖိုးပဲ..." ဟုပြောခဲ့သည်။
အခုတော့ကျေးဇူးရှင်ရဲ့သမီး၊ကိုယ့်အလုပ်ရှင်မ
လေးကိုသားဖြစ်သူကခြေတော်တင်ပစ်လိုက်ပြီ။
ကောင်းရောကွာ.....!ပြီးတော့ဖြူဖြူကမိတဆိုးလေးမို့အားလုံးကဝိုင်း၀န်း
စောင့်ရှောက်ပေးရမယ့်ဥစ္စာ၊ ကိုယ်စာသင်ပေး
နေတဲ့ခလေးကိုမှ...ဒီကောင်။
ဦးမင်းနိုင်သည်ဒီလိုစားတော်ဆက်မှာလုပ်ရသော်
လည်းကိုယ်တိုင်ကလူရိုးလူအေးကြီး၊ သူ့အလုပ်ကို
လည်းအင်မတန်တာ၀န်ကျေအောင်လုပ်တတ်သူ..
မိသားစုအပေါ်မှာလည်းတာ၀န်ကျေကာရှေ့ရေးကိုပူပန်တတ်သူကြီးဖြစ်သည်။ကရင်ဆိုတဲ့ကောင်လေးကလည်းနဂိုကတည်းက
ဆိုင်မှာနှုတ်အဖွာဆုံး...
အင်း ဒီဆိုင်ကပါးစပ်ပေါက်တွေကိုဘယ်လိုလိုက်ပိတ်ရမလဲ။ဆရာကြီးနားထဲပြန်ရောက်ရင်ဒုက္ခပါပဲ။
>>>>>>>>>မင်းထက်နေနိုင် ..နိုက်ဂျုတီမကျပါပဲ၊အိမ်မပြန်ချင်
၍အတင်းလဲပေးကာဆေးရုံမှာကပ်နေလို့ လုပ်ဖော်
ကိုင်ဘက်ဆရာ၀န်နဲ့သူနာပြုတွေကအံ့သြနေကြ
သည်။
ခါတိုင်းဆိုဒီကိုယ်တော်လေးကအလုပ်ကိုတော့မ
ကပ်တွက်ပေမယ့်..PGဘွဲ့လွန်တတ်နေတဲ့ကျောင်းသားမို့..သူ့မှာအချိန်အားတယ်ဟူ၍ပင်မရှိတတ်
ဘူးလေ။
ဆရာ၀န်တွေနားနေခန်းထဲမှာထိုင်ကာ..ပြန်စဉ်းစားတိုင်းလည်းခေါင်းထဲထူပူနေတာကလွဲရင်ကျန်
တာဘာမှစဉ်းစားမရ။ ပြီးတော့အရက်နာကလည်းကျနေသေးသည်။
သွားပါပြီကွာ..ငါတော့မိုင်းဗုံးနင်းထားမိပြီ။
![](https://img.wattpad.com/cover/306933253-288-k424370.jpg)
ŞİMDİ OKUDUĞUN
အဖြူရောင်နုနု(complete)🚨
Genel Kurgu" ဒယ်ဒီဘာပြောပြောဖြူဖြူတို့လက်ထပ်စရာမလိုပါဘူးကိုကို.." " ဒါပေါ့.. မင်းကမိဘကိုလည်းဂရုမစိုက်၊ပတ်၀န်း ကျင်ကိုလည်းဂရုမစိုက်ပဲနေနိုင်ပေမယ့်.. ငါကတော့ဆရာသမားကိုလေးစားသလို၊ငါ့မိဘကို လည်းခွေးအဖြစ်မခံနိုင်ဘူးကွ..... မင်းစခဲ့တာဆိုပေမယ့် ငါကဇတ်သိမ်းပေးမယ်... ...