Unicode
I Will Never Let You Go (1)
Ep_1
" ဘာ အဲ့ဒေါ့
ခု မင်းအဆော်ခံလာရတာက
မိန်းမတစ်ယောက်ဆီကပေါ့လေ "ရှန်ဖုန်း သူ..ကိုယ့်နားတောင်ကိုယ်မယုံနိုင်ဘူး
အိမ်က အတိုက်အခိုက်တော်တဲ့ကောင်က
တကယ်တမ်းခံလာရတာက မိန်းကလေးတစ်ယောက်ဆီကတဲ့" အာ ဦးငယ်ရ
မိန်းမမဟုတ်ပါဘူးဆို ယောင်္ကျားလျာဗျ Tomboy
ကျွန်တော်ဖြင့်စမြင်တုန်းက တကယ့်ယောင်္ကျားလေးလို့တောင်ထင်နေတာ
အရပ်အမောင်းကလည်း ကျွန်တော်နဲ့လယ်ဗယ်ပဲဗျ"သူ့တူ၏မျက်ခွက်ကဒဏ်ရာကြောင့် ဒေါသကထောင်းခနဲ
ထို့ကြောင့်စောက်သုံးမကျပဲခံလာရတဲ့တူကိုထအော်မိသည်။" ဘာဖြစ်ဖြစ် မိန်းမပဲလေ
ငါတို့လို အတံပါလို့လား
မင်းမို့ခံလာတာ..ငါနဲ့များတွေ့ကြည့်စမ်း
မှတ်လောက်အောင်ဆုံးမပစ်မယ် "*အမလေး ဉီးငယ်ရ အပြောမကြီးပါနဲ့
ဟိုကလည်းမခေဘူးဗျ
ကျွန်တော့်လိုရန်ဖြစ်ရင်းကြီးလာတဲ့ကောင်ကိုတောင်အသာလေး
ဆော်သွားတာနော်
ပြီးတော့လည်း ဘော်ဒီဂတ်ဗျ
သူလည်း ခေတော့မခေလောက်ဘူး
အရည်အချင်းကတော့
ဦးငယ်နဲ့တောင် လယ်ဗယ်တူလောက်ကျမယ်ထင်တာပဲ *
ဤစကားတွေကိုတော့ 'လီရာဝေ' တစ်ယောက်စိတ်ထဲကပဲကြိတ်ပြောမိသည်။
အပြင်ဘက်တွင်တော့ထုတ်ဖော်စောဒကမတက်ရဲပေ
ဘာလို့ဆို မိမိဦးလေးကဘယ်လောက်ဘဝင်မြင့်ပြီးရက်စက်လိုက်သလဲလို့
သူနဲ့တုပယှဉ်ပြောရင်ကိုမကြိုက်တာ
အဲ့တာက ယောင်္ကျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်
မိန်းမဆိုပြီးသနားကြင်နာညှာတာမဲ့အထဲ မိမိ၏ဦးရီးတော်မပါပါ။" ပြောစမ်း နာမည်ဘယ်လိုခေါ်လဲ?
ဘယ်ကလဲ ဘာလုပ်လဲ? "" အာ ဦးငယ်ရ
တစ်ခုချင်းဆီမေးပါဗျ
ပြီးတော့ ကျွန်တော်က လမ်းကြုံလို့ဝင်ကြောင်လိုက်တာလေ
ဘယ်သူဘယ်ဝါရယ်တော့ ကျွန်တော်လည်းမသိဘူး
မြင်ရသလောက်ကတော့ ဘော်ဒီဂတ်လိုလိုပုံပဲဗျ "" ဒီကောင်ကတော့ အဲ့သောက်ကျင့်ကိုမပြင်ဘူး
ဘာဖြစ်ဖြစ် မင်း ခုလိုခံလာရတာတော့မဟုတ်သေးဘူးကွ
မင်းနှယ် ငါတို့မျိုးရိုးဂုဏ်မှမထောက်
မိန်းကလေးတစ်ယောက်ဆီမှာခံလာရတယ်လို့
ရာဇဝင်ရိုင်းလိုက်တာ
အစဉ်အလာလည်းမရှိဘူး ရှိခွင့်လည်းမပေးနိုင်ဘူး "
BINABASA MO ANG
I Will Never Let You Go(Completed)