1 Z

256 11 0
                                    


ဝုန်း!  ဒုန်း!  ခလွမ်း!!!

ပစ္စည်းရိုက်ခွဲသံတွေ ၊ ပြုတ်ကျသံတွေနဲ့ ဆူညံနေတဲ့ အိမ်ကြီး ။ ဒေါသအရိပ်အယောင်တွေခိုးဝေနေတဲ့ အကြည့်အောက်မှာ Jiminတစ်ယောက် ကြောက်ရွံ့တုန်လှုပ်စွာ ဒူးထောက်နေရသည်။

“ မင်းအပြင်ထွက်မယ်ဆိုရင် ငါ့ကိုအသိပေးရမယ်ဆိုတာ နားမလည်ဘူးလား ဟမ်!! "

“ မှားသွားပါတယ်  ခွင့်လွှတ်ပေးပါ ဒီတစ်ခါပဲခွင့်လွှတ်ပေးပါ ဟင့်. ”

လက်ဖဝါးနှစ်ဖက်ကို ပူလောင်မတတ် ပွတ်ကာ တောင်းပန်နေရသည် ။ သူကလည်း သူပါပဲ ။ အိမ်ပြင်ထွက်ရင် ယောက်ျားဖြစ်သူMin Yoongiကို အကြောင်းကြားရမှာကို သိထားလျက်နဲ့ အမှတ်တမဲ့ပြုမိသည်။

“ မင်းပျောက်သွားလို့ ငါဘယ်လောက်လန့်သွားရလဲသိရဲ့လား တစ်ခါလောက်လွှတ်ထားပေးမိတာနဲ့ ငါ့ကိုဂရုမစိုက်တော့ဘူးဆိုတဲ့သဘောလား ”

“ အဲ့လို..အဲ့လိုမဟုတ်ပါဘူး Taehyungက အကူအညီတောင်းလို့ သူနဲ့ခဏလိုက်သွားပေးမိရုံပါ ”

“ ဟက်! တကယ်လိုက်သွားရုံပဲလား လူမြင်ကွင်းမှာ ကြည်နူးနေကြတာရော မဖြစ်နိုင်ဘူးလား ”

ကြားလိုက်ရတဲ့ စကားကြောင့် Jimin ကြောက်စိတ်တွေပိုဝင်လာသည် ။ Taehyungနဲ့အထင်လွဲစေခဲ့တဲ့အတွက် နောက်ဆက်တွဲ ဘာတွေထပ်ဖြစ်တော့မလဲ ဆိုတာ Jiminကြိုသိနေသည် ။

Jungkookကိုရှာရန် Taehyungကရိုးရိုးသားသား အကူအညီတောင်းခဲ့တာဖြစ်တဲ့အတွက် Jiminကတော့ အထင်မလွဲတော့အောင် အာပေါက်မတတ်ရှင်းပြရတော့မည် ။

“ သိလို့တမင် လူလွှတ်ပြီးစောင့်ကြည့်ခိုင်းထားတာကို ငါမသိဘူးထင်ပြီး ပလူးနေတာလား ပြောစမ်း!!! ”

“ ကိုကို အထင်မှားနေပါပြီ ကျွန်တော် အဲ့လိုလုပ်ရပ်မျိုး မလုပ်ပါဘူး ကိုကို့အပေါ်မလုပ်ရက်ပါဘူး ”

Yoongiကဖုန်းကိုထုတ်ကာ ဓာတ်ပုံတွေပြလာသည် ။ ပုံတွေက အထင်လွဲလည်းလွဲချင်စရာတွေချည်းပင် ။

Jungkook ကိုဆိုင်တစ်ဆိုင်မှာတွေ့လိုက်မိတဲ့အခါ နောက်ကလိုက်ချောင်းနေတဲ့သူတို့နှစ်ယောက်ကို Jungkookမြင်သွားမှာစိုးလို့ Jiminနောက်ကျောကိုဆိုင်ရဲ့မှန်မှာ ကပ်လိုက်ပြီး Taehyungရဲ့မျက်နှာကိုပါမမြင်ရအောင်  ကိုယ်နဲ့ကွယ်လိုက်လေသည် ။ ရုတ်တရက်ကြည့်လိုက်ရင် TaehyungကJiminရဲ့ရင်ခွင်ထဲရောက်နေသယောင် ။

-𝐄 𝐍 𝐃 𝐋 𝐄 𝐒 𝐒- (Cᴏᴍᴘʟᴇᴛᴇᴅ)Tahanan ng mga kuwento. Tumuklas ngayon