Final Z

197 9 2
                                    

“ Jimin ဘာလုပ်နေတာလဲ ”

“ ဘာမှမလုပ်ပါဘူး ကိုကိုရဲ့ ”

“ အဲ့ဒါဆို ကိုယ်နဲ့လိုက်ခဲ့ ကိုယ့်အသိတွေနဲ့ချိန်းထားလို့ ပါတီလည်းဖြစ်နေတော့ မင်းလိုက်ရင်ကောင်းမယ် ”

“ ဟုတ် လိုက်ခဲ့ပါ့မယ် ”

ဒီလိုနဲ့ Yoongi နဲ့ Jimin ပါတီပွဲတစ်ခုဆီ ရောက်လာခဲ့ကြသည် ။ လုပ်ငန်းရှင်တစ်ဦးရဲ့ မွေးနေ့ပွဲလည်းဖြစ်တာကြောင့် အခြားသော စီးပွားရေးလုပ်ငန်းရှင်တွေလည်း အများအပြားပင် ။

Yoongiကတော့ Jiminလက်ကို သူ့လက်၌ချိတ်စေကာ လက်ထပ်ပြီးသားစုံတွဲမှန်းသိစေရန် အယောင်ပြထားသည် ။ သိလျက်နဲ့လည်း တစ်ချို့ တစ်ချို့သော လာလာရောတတ်တဲ့လူတွေကို ကြိုတားထားတဲ့သဘောမျိုး ။

Jiminလက်ကို ဖယ်မပေးဘဲ အပေါ်ကနေထပ်ကိုင်ထားတဲ့ Yoongiကြောင့် စိတ်ထဲမှာ ပျော်နေမိသည် ။ Yoongi ဘာကြောင့် ဒီလိုလုပ်လဲဆိုတာ သူနားလည်ပါတယ် ။ ဒါ့ကြောင့်မို့ တမင် ပါတီပွဲကိုခေါ်လာခြင်းဖြစ်သည် ။ နောက်ပြီး Jiminမပါတဲ့ ပွဲမျိုးဆိုတာ ခပ်ရှားရှားရယ် ။ လုပ်ငန်းရှင်တွေကျင်းပတဲ့ ဘယ်လိုပွဲမျိုးမဆို Yoongi က အမြဲခေါ်လာနေကျ ။

အသိမိတ်ဆွေတွေနဲ့ စကားတွေဘာတွေပြောရင်း တော်တော်လေးရေချိန်ကိုက်လာပုံရတဲ့ Yoongi ကို Jiminအသိပေးလိုက်ပြီး အိမ်ကိုအမြန်ပြန်လာရတယ် ။ အခု Yoongi မှာ ခြေလှမ်းတောင် မမှန်ချင်တော့ ။ Jimin ကပဲ အခန်းထဲထိ ရောက်အောင် မနည်းထိန်းပြီးလိုက်ပို့ရတယ် ။

အိပ်ယာပေါ် နှစ်ယောက်လုံး ပစ်လဲသွားတော့ Yoongi က Jimin ကို တင်းကြပ်စွာ ဖက်ထားသည် ။

“ ကိုကို ခနလွှတ်ဦး ကျွန်တော် အဝတ်အစားလဲပေးမယ် ”

“ အင်းးး ”

လွှတ်မပေးတဲ့အပြင် Jiminကိုယ်ပေါ်အုပ်မိုးကာ သူ့နှုတ်ခမ်းတွေကို ရန်ရှာလာတဲ့ Yoongi ။

သောက်ထားတဲ့ အယ်လ်ကိုဟော အရသာကို တောင် သတိမထားမိလောက်တော့အောင် Yoongiအနမ်းတွေကြား Jimin တစ်ယောက်မျောပါသွားလေသည် ။

နှုတ်ခမ်းသားတွေကို အပေါ်တစ်လှည့် အောက်တစ်လှည့် စုပ်ယူနမ်းရှိုက်လာတဲ့ ကိုကို က သူ့ပုခုံးသားနဲ့လည်တိုင်တွေကိုလည်း အလွတ်မပေးတော့ပါ ။

-𝐄 𝐍 𝐃 𝐋 𝐄 𝐒 𝐒- (Cᴏᴍᴘʟᴇᴛᴇᴅ)Donde viven las historias. Descúbrelo ahora