အပိုင်း ၂၁

4.8K 490 1
                                    

Unicode


“တူတွေက ဦးလေးနောက်လိုက်၊ တူမတွေက အဒေါ်နောက်လိုက်ကြတာ” ဟုဆိုကြသည် ။  ထျန်းနျိုနဲ့ တုန်းကျားဟွေ့က တကယ့်ကို ဆင်တူပါတယ်။  ရှန်းကွေ့ရှောင်တောင် ကျားဟွေ့နဲ့ ထျန်းနျိုတို့က ငယ်စဉ်ကပင် တစ်ပုံစံတည်း ထွင်းထုထားသည်ဟု ဆိုသည်။

ကျန်းချောင်းအာက ထျန်းနျိုကို တုန်းကျားဟွေ့ရဲ့ သမီးအဖြစ် အထင်လွဲခဲ့သည်။  တုန်းကျားဟွေ့က သူတို့နှစ်ယောက် ဘာကြောင့် ချောင်းရဲ့အရှေ့ဘက်ခြမ်းကို လျှောက်သွားတာလဲ ဆိုတာကို မရှင်းပြခဲ့ပါဘူး။  တုန်းကျားဟွေ့က အိမ်တစ်လုံးကို လက်ညှိုးထိုးပြပြီး ကျန်းချောင်းအာကို ပြောလိုက်တယ်   “ဒေါ်လေး အဲ့ဒါက ပဉ္စမအဒေါ်အိမ်ပဲ”

ကျန်းချောင်းအာက တုန်းကျားဟွေ့ရဲ့ လက်ညှိုးညွှန်ရာနောက်ကို လိုက်၍ ကြည့်လိုက်သည်။  ခြံဝင်းက သူမ မှတ်ဉာဏ်ထဲကနဲ့ ကိုက်ညီသည်။  သူမ ပြုံးပြီး ပေါင်ကို ပွတ်လိုက်သည်။   “အဲဒါကို အတိအကျ မှတ်မိတယ်။  ဒီနေ့ ကျေးဇူးအများကြီးတင်ပါတယ်သမီးလေး”

“ဘာမှမဟုတ်ပါဘူး။  အသေးအမွှားလေးပါပဲ၊ ဒါဆို ကျွန်မအရင်သွားလိုက်ဦးမယ် ”

“ဟေး!  စကားမစပ် မိန်းကလေး၊နာမည်ဘယ်လိုခေါ်လဲ?   နောက်ကျ ကျေးဇူးတင်ဖို့ အခွင့်အလမ်းရှာရတာပေါ့ ”

တုန်းကျားဟွေ့က သူ့မလက်ကို ထပ်ခါတလဲလဲ ဝှေ့ယမ်းပြပြီး  “မဟုတ်တာ၊ ဒါက အဆင်ပြေတဲ့အရာတစ်ခုပါပဲ၊ ဒေါ်လေး တကယ်စိတ်ပူနေဖို့ မလိုပါဘူး”

ထိုစကားကိုပြောပြီးနောက်မှာ တုန်းကျားဟွေ့က သူမလက်ကို ဝှေ့ယမ်းကာ တစ်ဖက်သို့သွားခဲ့သည်။  လှည့်ကြည့်လိုက်တာက ကျန်းချောင်းအာကို စပ်စုသောအကြည့်ကိုပေးနေတဲ့ ထျန်းနျို သာလျှင်ဖြစ်သည်။

ကျန်းချောင်းအာက တုန်းကျားဟွေ့ရဲ့ နောက်ကျောကို ကြည့်လိုက်သည်။  သူမ၏ နှလုံးသားက ဝမ်းနည်းဝမ်းသာဖြစ်နေခဲ့သည်။  သမီးကောင်းတစ်ယောက်လို့ သူမထင်ခဲ့တယ်။  အကယ်၍ တုန်းလင်က ထိုကဲ့သို့သော သမီးကောင်းနှင့် လက်ထပ်နိုင်သော်လည်း ကံမကောင်းစွာဖြင့်၊ ဤသမီးကောင်းသည် အခြားသူ၏ချွေးမဖြစ်သည်။  သူမကို ကြည့်၍သာနေနိုင်သည်။

1970 တွင် ဒုတိယအကြိမ်မြောက်လက်ထပ်ခြင်း ( ဘာသာပြန်) Onde histórias criam vida. Descubra agora