အပိုင်း ၄၀

5.3K 506 14
                                    

Unicode


ကောလဟာလတွေထဲက မစ္စ လုက ကုတင်ပေါ်မှာ လဲလျောင်းနေပြီး သူမရှေ့မှာ လီချိုင်ဖန်ကို ဆဲနေတယ်။

“ဒီအရှက်မရှိတဲ့ **** က ငါတို့ လု မိသားစုရဲ့ မျက်နှာကို ဆုံးရှုံးစေခဲ့တယ်။ သူမက ယောက်ျားအရမ်းလိုချင်နေတာ။  ဟင် ၊ယောက်ျားတစ်ယောက်ကိုမြင်ရင် ခုန်ထပြီး ရွှံ့အိမ်ထဲမှာ ကိုယ်လုံးတီးနဲ့ ညစ်ပတ်တဲ့အရာတွေ လုပ်တယ်”

လီချိုင်ဖန် မျက်နှာတွင် အရှက်ရစရာ ဘာအရိပ်အယောင်မျှမရှိသော်လည်း၊အဲဒီအစား သူမမျက်နှာတွင် အပြုံးတစ်ခုရှိနေသေးတယ် ။

“ ကျွန်မက ဘယ်လို အရှက်မရှိတာလဲ? ရှင့်ရဲ့သားကို အသက်ရှင်လျက်ထားပြီး ကျွန်မတစ်သက်လုံး မုဆိုးမလိုဖြစ်ခဲ့ရင် ကျွန်မ အရှက်ကင်းမှာလား?  ကျွန်မက ရှင့်လောက်မတော်ဘူး။  ရှင့်မှာ အရည်အချင်းရှိရင် ရှင့်ရဲ့သားကို ကျွန်မနဲ့ကွာရှင်းခိုင်းလို့ရတယ်။  ရှင်တို့ လု မိသားစု အနာဂတ်မှာ ဘယ်လို မျက်နှာမျိုး ရှိမယ်ဆိုတာ ကြည့်လိုက်လေ ”

လီချိုင်ဖန်က မူလပိုင်ရှင် (ကျားဟွေ့ ) ကဲ့သို့ ကြင်နာတတ်သူ မဟုတ်ပေ။ လုချန်းယွမ်အတွက် ဖုံးကွယ်ပေးဖို့က သူမအတွက် မဖြစ်နိုင်ပေ။ ကမ္ဘာကသိသွားအောင် သူမ မဖော်ပြခဲ့တာကို သူ ကျေးဇူးတင်ရမှာ။

သူမ ကုတင်ဘေးက စားပွဲပေါ်က ပစ္စည်းတွေနဲ့ ကြမ်းပြင်ပေါ် ကဟာတွေကို လှည်းကျင်းပြီး ဒေါသတကြီး ကျိန်ဆဲလိုက်တယ် “ထွက်သွား! အဝေးကို ထွက်သွား။  ဒီပုပ်သိုးနေတဲ့ ဟာမ”

လီချိုင်ဖန် က သူမကို ဂရုမစိုက်ဘူး။  သူမ (မစ္စစ်လု) သည် သူမနှစ်သက်သည့်အချိန်တိုင်း ပစ္စည်းတွေကို ပစ်နိုင်သည်။  မည်သို့ပင်ဖြစ်စေ သူမ (LC) သည် အဲ့အပေါ်မှာ မည်သည့်ငွေမျှ မသုံးခဲ့ပေ။

“ ရှင်ကကျွန်မကို ထွက်သွားဖို့ပြောကတည်းက ကျွန်မလည်းထွက်သွားရတာပေါ့။ အခုချိန်ကစပြီး ကျွန်မဘယ်သူနဲ့လှည့်ပတ်သွားနေတာပဲ ဖြစ်ဖြစ် ကျွန်မလမ်းမှာတွေရင် မျက်မမြင်လို လှည့်သွားနိုင်တယ်။ အဲ့တာကို ရှင့်ရဲ့ ကိုယ်ပိုင်ပြဿနာတွေကို လာပေါင်းမထည့်နဲ့ ”

1970 တွင် ဒုတိယအကြိမ်မြောက်လက်ထပ်ခြင်း ( ဘာသာပြန်) Donde viven las historias. Descúbrelo ahora