Part (1)

25.6K 221 19
                                    

Unicode


ဘုတ်

စားပွဲခုံပေါ်သို့

ဂျာနယ်အထပ်လိုက်ကြီးနှင့် သတင်းများကြည့်ရန်
ဖွင့်ထားသောipadတလုံးက မြင့်မားရှေ့တွင်ပြုတ်ကျလာလျက်

"မင်းရဲ့datingတွေ ဂျာနယ်တွေရော မီဒီယာတွေအထိပါလာပြီ
ဒီတခေါက် သတင်းက မော်ဒယ်ယမင်းအဉ္ဇလီ နဲ့ ကော်ဖီဆိုင်မှာ တိတ်တိတ်လေးဒိတ်နေတဲ့ အဆိုတော် Jay Youngတဲ့
အခုမင်းကြောင့်Entertainment တခုလုံး ရော PR department ရောsocial mediaမှာ သတင်းမတက်အောင် လုပ်ထားတောင် မင်းသတင်းက
ဂျာနယ်ထဲအထိပါလာပြီ ဘယ်လိုဆက်လုပ်ဖို့စဉ်းစားထားလဲ"

Jay ပုခုံးနှစ်ဖက်ကိုတွန့်ကာ


"ဘယ်လိုဆက်လုပ်ရမှာလဲ
အေးဆေးပေါ့ PD ကြီးရယ် ဒေါသအဲ့လောက်မကြီးပါနဲ့
Ceoတောင် အေးဆေးဖြစ်နေတာပဲကို...
အဲ့တစ်ယောက်နဲ့က
ရှုတင်မှာ တွေ့ပြီး သူ့ဘာသာ
ဒီတိုင်း ကော်ဖီအတူတူသောက်ပါရစေဆိုပြီး
ခွင့်တောင်းလို့ အတူသွားသောက်ပေးတာ
လက်ကိုင်တဲ့အထိတောင်အဆင့်မတက်ခဲ့ဖူးနော် အဲ့မီဒီယာသမားတွေက
လိုတာထက်ပိုပြီး ချဲ့ကားနေကြတာ..."

Producer ဩရမင်းသွင် နားထောင်ရင်းပင်
စိတ်ကတိုလာတော့သည်။

နားကပ် ပေါက်များက တဖက်တချက်စီတွင်
၃ပေါက်လောက်ဖြစ်လျက်
နှုတ်ခမ်းတွင်လည်းဖောက်ထားကာ ကွင်းသေးလေးဖြင့်
ညာဖက် လက်တလျှောက်တွင်ထိုးထားတဲ့ တက်တူးများကလည်း အပြည့်ပင်။

မျက်နှာချောချောထက်တွင် ပါးချိုင့်ကြီးက
ခိုတွဲလျက် သူ့ရဲ့ပုံရိပ်တခုလိုလို...
ညီညာတဲ့ သွားတန်းလေးတွေက
ကောင်မလေးတွေအသဲစွဲဖြစ်နေတာတော့
အံ့ဩစရာမဟုတ်။

သူ့ကိုအေးဆေးပြောနေသောJay Youngရဲ့ ပုံစံက
ပေါ့ပါးလျက် သာမန်ပတ်သက်မှုပုံစံကို
သူကတပြန်ကြီး စိတ်ရှုပ်နေဟန်..

" မင်းဖက်ကသာရိုးသားတာ
တဖက်က မင်းကိုသူနာမည်ကြီးအောင်
အသုံးချနေတာကွ"

" အဟွန်း... အသုံးချလည်းချပေါ့ တဖက်သားကိုကူညီရတာ ဝမ်းသာပါတယ်..."

"မင်း ...မင်းအရှုပ်တွေကို သိသာသိစေ မမြင်စေနဲ့
Hexagon အဖွဲ့က အခုဆို international အထိပါ
ထိုးဖောက်နေပြီ မင်းတို့ fanတွေက
မင်းတို့ကိုအထိမခံတာ fanတွေကို ဂရုစိုက်သင့်တယ်
မင်းက သာမန်လူမဟုတ်ဖူး idol တစ်ယောက်...
ရည်းစားထားမယ်ဆိုရင်တောင် ပရိသတ်တွေကို
လောလောဆယ်အသိပေးလို့မရတဲ့အနေအထားတခုမှာကွ
မင်းတို့တက်လှမ်းရအုံးမှာအများကြီးရှိသေးတယ်"

Passion for you (ချစ်ဇောဟုန်)Where stories live. Discover now