Unicode
သူမအပြောတွေကိုကြားပြီး မြင့်မားတစ်ယောက်ခြံအဝင်ဝပေါက်နားတွင် ငိုင်ကြသွားသည်။ သူသည်တကယ့်ကို လူဆိုးလူမိုက်ကောင် အချစ်ကို တန်ဖိုးမထားတဲ့ကောင်တစ်ကောင်ဖြစ်ခဲ့မှန်းသူကိုယ်သူသိပါသည်။ သူအဲ့အချိန်တုံး ဆိုးပေနေတဲ့play boyတစ်ယောက် ဖြစ်ခဲ့တာလည်း ဝန်ခံပါသည်။
သူမ ထွက်သွားပြီးတဲ့နောက် သူသေမတတ်နောင်တရခဲ့တာ.... သူမ မရှိမှ သူမတန်ဖိုးတွေကို သိခဲ့ရသည်။
သူမ ရှိတုံးကအသေးအမွှားက အစ အပြစ်မြင်နေသော သူမ သူ့မျက်စိရှေ့ကပျောက်ကွယ်သွားတုံးက သူမသူငယ်ချင်းတွေ ကြားရူးမတတ်ရှာခဲ့တာတွေ...အခုသူမပြောတာ တချို့က အထင်အမြင်လွဲနေတာမို့
သူရှင်းပြချင်မိသည်။သူမ မရှိမှ
မနက်ခင်းဆို ကိုကိုးရေး ဘေဘီ့ပူတူးတူးလေး အချစ်ဆုံးလေး အဲ့လိုချွဲသံတွေ မကြားရတော့ သေမတတ်လွမ်းမိတာ သူမသိရဲ့လား
ပုံမှန် သူမပို့နေကျ ဟာသလေးတွေ ဆိုပြနေကျသီချင်းတွေ စာတွေမရှိတော့ ရင်ထဲဟာတာတာကြီးဖြစ်မိတာရော သူမသိရဲ့လားဘယ်အရာက သူတို့လွဲမှားသွားစေလဲသူမသိပါ
အရာရာက သူ့အပြစ်သာဆိုတာတော့ သူဝန်ခံသည်
သူမကျေနပ်တဲ့အထိလည်း ပေးဆပ်ဖို့ သူဆုံးဖြတ်ထားပါသည်။သူဆံပင်ကိုထိုးဖွလိုက်ပြီး
"Shit အသည်းလေး မင်းထင်တာတွေမှားနေပြီ..."
ဒီနေ့တော့ရှိပါစေ..။
သူမ စိတ်တွေအရမ်းပင်ပန်းနေမှန်း သူ့ကိုပြောသွားတဲ့စကားလုံးထဲမှာပါတာ သူရိပ်မိသည်။သူ့ရဲ့အတိတ်က မဆင်မခြင် badass လုပ်ရပ်က ဒီလောက်သက်ရောက်ခဲ့မှန်းမသိခဲ့ပါ...။
သူတော်တော်မကောင်းတဲ့ကောင်မှန်းသူကိုယ်တိုင်သိပါသည်။ ပြန်လည်ပြင်ဆင်ခွင့်ရှိမည်ဆို သူပြန်ပြင်ဆင်ပြီး သူမနားပဲပြန်နေချင်သည် ကတော့ အမှန်တရားတခုဆိုတာ သူကျိန်ဆိုရဲသည်။
******
သုံးရက်ကြာပြီနောက်
သူမပြောဆို လွှတ်ပြီးတည်းက ပိုင်ဆိုးပိုင်နင်းကောင် သူမမျက်စိရှေ့ ပေါ်မလာ၍ စိတ်ချမ်းသာလို့နေသည်။
![](https://img.wattpad.com/cover/310577818-288-k260958.jpg)
DU LIEST GERADE
Passion for you (ချစ်ဇောဟုန်)
RomantikRight person , Wrong Timeဖြစ်ခဲ့သော သူမတို့၂ဦး... ကံကြမ္မာက သူမတို့ကို Right time,Right person ဖြစ်ခွင့်ပေးပါ့မလားဆိုတာ... အနုပညာနယ်ပယ်ချင်းတူသော်လည်း ပြဒါးတလမ်း သံတလမ်း လျှောက်လမ်းခဲ့ကြတဲ့ ကြောင်နဲ့ကြွက်အတွဲ.... " အချစ်..အချစ်တဲ့လား နင့်ရဲ့ပေါ့ပျက...