Part-(6)

4.9K 119 14
                                    

Unicode

နီကုတင်ပေါ်မှာ အတွေးများနေမိသည်...

သူအိမ်ပြန်ပို့ပြီးတည်းက သူနဲ့အတိတ်အကြောင်း ကိုသူမပြန်တွေးနေမိတာဖြစ်သည်။ သူမအမှန်တိုင်း ဝန်ခံရရင် သူ့အပေါ်လုံးဝ မပြတ်နိုင်ပါ။ လမ်းခွဲခဲ့ရတာလည်း သူ့အပြစ်တွေကြောင့်။ သူရဲ့ အတ္တတွေ ပေါ့ပျက်ပျက်သဘောထားတွေကြောင့်။ နီ့ကို သူ တွဲတုံးက တန်ဖိုးမထားခဲ့ဘူး...။သူမကြောက်သည်။ သူမဘဝထဲကို သူနောက်တကြိမ်ပြန်ဝင်လာပြီး စိတ်ဒဏ်ရာတွေထပ်ပေးမှာကို။

သူမကိုသူက စချစ်ခဲ့သူဖြစ်ပြီး ဆက်ချစ်ခဲ့ရသူက သူမဆိုတာကို သူမအသိဆုံးမို့လို့။ စချစ်တယ်လို့ပြောတာထက် စကြိုက်သူက သူလို့သာပြောချင်သည်။ သူနီ့ကို ဘယ်တုန်းကမှ မချစ်ခဲ့ဖူးဘူး...
ဒါကို နီကိုယ်တိုင်သာသိသည်။

မိန်းကလေးတစ်ယောက်က ကိုယ်ချစ်တဲ့သူနဲ့ပဲ ဘဝတစ်လျှောက်လုံး ဖြတ်သန်းချင်မိတာပဲ။ နီက တော့ ဒီဘဝတော့ နှလုံးသားလေးက ရှင်ရက်နဲ့သေသွားပြီ တူပါရဲ့။ သူ့ဆီ ပြန်လာပါ ဘယ်လောက်ပြောပြော နီ ပြန်မသွားချင်ပါ....

နီ အဲ့ခံစားချက်ကို မုန်းတယ်... မနက်နိုးလာလို့ နီ့အနားမှာသူမရှိတော့ဘူးဆိုတဲ့ ခံစားချက်

သူmsgရောက်မလာတော့တဲ့ခံစားချက်မျိုး
ရင်ထဲမှာ ဟာတာတာကြီးနဲ့ ဆုံးရှုံးသွားသလို ခံစားချက်မျိုး

သူနဲ့အပြီး အဆုံးသတ်သွားပြီဆိုတဲ့ ခံစားချက်တွေ
သူကတော့ တခြားမိန်းမတွေနဲ့ပျော်နေပြီး နီငိုနေရတဲ့နေ့ရက်တွေ ပြန်မရောက်ချင်ပါ

သူ့fb acc.. social media accတွေမှာ သူဘာလုပ်နေလဲ သူဘယ်သူနဲ့ အပြင်သွားလဲ ဘယ်ကောင်မလေးနဲ့ အီနေလဲ လိုက် stalkခဲ့ရတာတွေ သူ့active nowကို မြင်ပေမဲ့ ကိုယ့်ကိုစကားလာမပြောတာတွေ
အဲ့လိုနောက်တကြိမ်ပြန်မဖြစ်ချင်ပါ။

နောက်တခု တခြားမိန်းမတွေနဲ့datingသတင်းတွေ....

အနည်းဆုံးတော့ နီ့မှာ မရှိမာနလေးတော့ ရှိမှရမည်။

သူမတို့ပတ်သက်မှုကို သိတဲ့လူတွေက Jay Young က နီ့ကို အရမ်းချစ်တာပါဟု ပြောကြသည်။
သူတို့ထင်တာတွေက အမှားတွေပင်။
နီ့ကို သူများ လက်ထဲပါမှာကိုသူကြောက်တာ
သူဘယ်တုန်းကမှ မချစ်ခဲ့ဘူး။ နီ့ကို မရှိသုံးလုပ်ခဲ့တာ။ ထိုမိန်းမ နဲ့ သူပြတ်ပြီး သူမကို ခုတုံးလုပ်ခဲ့တာ...

Passion for you (ချစ်ဇောဟုန်)Where stories live. Discover now