Part (10) Sweetest moment with you

2.7K 51 4
                                    



သူမတို့ ၂ယောက် Koreaကိုရောက်နေတာပဲဖြစ်သည်။ ခိုး dateသည်ဆို ပိုမှန်မည်ဖြစ်သည်။
သူတို့၂ယောက် ရန်ကုန်မှာဆိုကောင်းကောင်းချိန်းမတွေ့ရပေ။
အမြဲ Jay Youngနောက်ကို လိုက်နေတဲ့ Paparazzi တသိုက်နဲ့မို့ သူမတို့ အိမ်ဘေးချင်းကပ်ဖြစ်သွားတာကို သတင်းထောက်တစ်ယောက်က ဘယ်လိုမိသွားလဲမသိပါ။

သတင်းတင်ချလိုက်သည်မို့ လူသိပ်မသိခင် ပိုက်ဆံပေးကာ သတင်းကို ပိတ်ချလိုက်ရသဖြင့် သူမတို့ အနေအထိုင်ပါဆင်ခြင်နေရတော့သည်။

မနေနိုင်သော ကိုယ်တော်ချောက သူမတို့အားမည့် schedule လည်း ညှိကာ Korea trip planကို နေ့မနားညမနားစတင်ဆွဲတော့သည်။

သူကသူတို့relationship ကို ဒီကောင်မလေးက သူ့အပိုင် သူ့အသည်းအသက်ဆိုတာ လူတွေကို သိစေချင်ပေမဲ့ သူမက private life ကိုသဘောကျသည်မို့ သူမprivacy ကို အလေးထားသောအားဖြင့် ငြိမ်နေရတာလည်းဖြစ်သည်။

သူမသဘောအတိုင်း  koreaကိုလေယာဉ်ချိန်တောင်မတူပဲ စီးလာရတာပဲဖြစ်သည်။

သူ့ကိုhotelမှာ သာ ကြိုစောင့်ခိုင်းသဖြင့် သူ့မှာ နာရီတကြည့်ကြည့်ဖြင့်ဖင်တကြွကြွဖြစ်ကာ မျှော်နေရသေးသည်။

                                    🪿🪿🪿🪿

Last 4 hours ago

တီးတောင်

သူတံခါးဖွင့်လိုက်သည်နှင့်တွေ့လိုက်ရသည်က သူ၏ ချစ်လှစွာသော အသည်းအသက်လေးရယ်ပါ
Jeans Bucket hat ကို မျက်လုံးထိအုပ်အောင်ဆောင်းထားကာGentle monsterမျက်မှန်ပိစိလေးတပ်ကာMaskလေးပါတပ်ထားသေးသည်။

တကယ့်ကို ချစ်စရာကောင်းတဲ့ ချစ်သူပိစိလေး

သူ သူမကို ဆက်ခနဲဆို ဖက်ချပစ်လိုက်ကာ

"လွမ်းလိုက်တာ ကိုယ့်သဲလေးရာမွ မွ"

"အဟမ်း ဟမ်း ကျွန်မတို့ပါတယ်နော် ဟွန့်"

နီ့မန်နေဂျာ မဂျူးနှင့် သူ့PAခွန်စောပင်။

"ကျွန်တော်အရမ်းလွမ်းလို့ပါဗျာ"

မဂျူးမှ သူမတို့အား

"Tom & Jerryလေးတွေ မတည့်ရင်လည်းသူတို့ ချစ်နေကြတော့လည်းသူတို့ပဲ"

Passion for you (ချစ်ဇောဟုန်)Where stories live. Discover now