လေပြေ နွေးနွေး
လွင့်လူးလာလေတော့
မသိစိတ်တစ်နေရာ
အသိစိတ်ဝင်လာသည်
ကျွန်တော့်နေခြည် လာလေပြီ။မျက်လွှာမှိတ်ကာ
တိတ်ဆိတ်နေလည်း
ခံစားမိသည်
ကျွန်တော့်နေခြည်
အမှောင်ထုထဲထိ နွေးပါတကား။နေခြည်ကင်းမဲ့
အမှောင်ညများဝယ်
မျက်လွှာတင်းတင်း
ကြိတ်၍ မှိတ်ကာ
စောင့်မျှော်မိသည်
မနက်ဖြန်ဆီ။နေခြည်စူးစူး
ထိတွေ့လိုငှား
အချုပ်အထိန်းမဲ့
မျှော်ကြည့်သော်လည်း
ထိတွေ့ခွင့်ကား
မရခဲ့။ယခုများတွင်တော့
သိနားလည်ပြီ
နေခြည်ဖြာဖြာ
နွေဦးခါသည်
ကျွန်တော့်အပိုင်
မဟုတ်ချေပြီ။