မျှော်လင့်ခြင်း ရောင်ခြည် 🏜️

9 2 0
                                    


လောက ဓမ္မတာ
အသိခက်ပါဘိ
မျှော်လင့် ရောင်ခြည်
မရှိသူကား
ရှင်သန်နေသော
သေလူအလား။

ထိုသို့ဆို၍
တွေးတောမိသည်
ဤခက်ခဲလှ
လူ့ဘဝတွင်
ကျွန်တော့်ရောင်ခြည်သည်
ကျွန်တော့်နေခြည်။

နေခြည်မရှိ
အလင်းမဲ့၍
လမ်းပျောက်ခဲ့သည်
နှလုံးသားဆီ။

လမ်းပျောက်ညအား
တစ်ခါများတွင်တော့
ဝန်ချ ပြောမည်
နှလုံးအိမ်၏
သွေးပန်းချီ။

နေရောင် ရွှန်းပ
မနက်ဖြန်များ
မျှော်လင့်ကာဖြင့်
နေခြည့်ခွန်အား
ဖြည့်လောင်း သွန်ချ
ရှေ့ဆက်ဦးမည်
အနာဂတ်ဆီ။

You've reached the end of published parts.

⏰ Last updated: May 22, 2022 ⏰

Add this story to your Library to get notified about new parts!

SunlightWhere stories live. Discover now