နွေဦး နေခြည်🏜️

20 2 0
                                    

လေပြေ နွေးနွေး
လွင့်လူးလာလေတော့
မသိစိတ်တစ်နေရာ
အသိစိတ်ဝင်လာသည်
ကျွန်တော့်နေခြည် လာလေပြီ။

မျက်လွှာမှိတ်ကာ
တိတ်ဆိတ်နေလည်း
ခံစားမိသည်
ကျွန်တော့်နေခြည်
အမှောင်ထုထဲထိ နွေးပါတကား။

နေခြည်ကင်းမဲ့
အမှောင်ညများဝယ်
မျက်လွှာတင်းတင်း
ကြိတ်၍ မှိတ်ကာ
စောင့်မျှော်မိသည်
မနက်ဖြန်ဆီ။

နေခြည်စူးစူး
ထိတွေ့လိုငှား
အချုပ်အထိန်းမဲ့
မျှော်ကြည့်သော်လည်း
ထိတွေ့ခွင့်ကား
မရခဲ့။

ယခုများတွင်တော့
သိနားလည်ပြီ
နေခြည်ဖြာဖြာ
နွေဦးခါသည်
ကျွန်တော့်အပိုင်
မဟုတ်ချေပြီ။

SunlightWhere stories live. Discover now