" အား !!! "
ကျယ်လောင်သော မိန်းကလေးအများစု၏ အော်သံကြောင့်
တက္ကသိုလ် ကျောင်းဝန်းလမ်းမထက်လျှောက်လှမ်းနေရာမှ ထိုမိန်းကလေးတွေ၏အကြည့်သို့ဆိုက်ကပ်ရာတစ်နေရာသို့
ကျွန်တော် ခေါင်းလေးလှည့်ပြီးကြည့်လိုက်တော့ တွေ့လိုက်
ရတဲ့ ပြိုင်ကားအနီရောင်လေးကို မောင်းနှင်ပြီး ကျောင်းထဲ
ဝင်လာတဲ့ စီနီယာပတ်ချန်းယောလ် ။ဒီနေ့လည်း ခါတိုင်းလိုပါပဲ ။ ပေါ့ပေါ့ပါးပါးစတိုင်လေးဝတ်ဆင်
ပြီး အနည်းငယ်ရှည်တဲ့ နက်မှောင်သော ဆံနွယ်လေးတွေကို
အပေါ်သို့လှန်တင်ပြီးပုံသွင်းထားပြီး sun glassesလေးတပ်
ထားတာကသူများနဲ့မတူတဲ့ သူရဲ့ထူးခြားတဲ့ ဆွဲဆောင်မှုလေး
တစ်မျိုး ။ကျွန်တော်တို့တက္ကသိုလ်ကျောင်းဝန်းအတွင်း ပေါ်ပြူလာ
ဖြစ်တဲ့ကျောင်းသားကျောင်းသူတွေများစွာရှိပေမယ့်စီနီယာ
လောက်တော့ ဘယ်သူမှထူးခြားပြီး မပေါ်လွင်နေပေ ။ဒီခေတ်ကြီးမှာလူတိုင်းက နာမည်ကြီးဖြစ်ချင်နေကြသော်
လည်း စီနီယာကတော့အဲ့လိုမဟုတ် ။ လူတိုင်းအပေါ်ကို
အယောင်အဆောင်အတုအယောင်တွေကင်းကင်းနဲ့အရှိ
ကိုအရှိတိုင်းဆက်ဆံတတ်ပြီး အထိန်းအချုပ်ကင်းကင်းနဲ့
ဘဝကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနှင့်သာနေထိုင်
တတ်သည် ။အတုအယောင်တွေပေါတဲ့ဒီလိုခေတ်ထဲ ။ စီနီယာလို
စိတ်ထားဖြူစင်လွန်းတဲ့လူမျိုးက ခပ်ရှားရှားရယ် ။ပါးချိုင့်လေးတွေထင်းခနဲ ဝင်းခနဲ လူတိုင်းရင်ထဲအေးသွား
အမြဲ အပြုံးလေးတွေဆောင်ကျဉ်းပြီး နှုတ်ဆက်တတ်တဲ့
စီနီယာဟာ ကျွန်တော့်အတွက်တော့ မြည်းစမ်းမရက်တဲ့
လှပလွန်းသော စတော်ဘယ်ရီကိတ်လေးပမာ ။ထောင်ပေါင်းများစွာထဲမှကျွန်တော်နဲ့ လိင်တူဖြစ်တဲ့စီနီယာ
ကို နုနုငယ်ငယ်နှလုံးသားလေးမှာ နက်နက်ရှိူင်းရှိူင်းချစ်မိ
သွားခဲ့သော်လည်း ။ စီနီယာအရှေ့ရောက် အလိုလိုဆွံ့အ
သွားသောနှုတ်ဝစီနှင့် စီနီယာအဝေးကိုသာ ရှောင်ဖယ်သွား
တတ်တဲ့ခြေလှမ်းတို့ကတော့ နှလုံးသားရဲ့အလိုဆန္ဒကိုသိ
သော်ငြားလည်းအသိစိတ်၏ကြောက်ဝံ့နေခြင်းတို့ကမလွန်
ဆန်နိုင်သေး ။
YOU ARE READING
|| CHANBAEK ONE SHOTS ||
FanfictionProjectတိုင်းပါဝင်ထားသမျှ CHANBAEK FAN FICTION ONE SHOTS COLLECTION [ UNICODE + ZAWGYI ]